ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြို့မအားကစားကွင်းတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ(ဖလား)ကျောင်းပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ညနေပိုင်းက စတင်၍ ကျင်းပနေကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲအား အခမ်းအနားဖြင့် ညနေ(၃)နာရီကျော်က ပြုလုပ်ရာတွင် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပွဲဦးထွက် အနေဖြင့် အထက(မိုင်းကိုး) - ခ အသင်း နှင့် အထက(တာလေ)တို့မှ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်း - စိုင်းဇေယျာ
အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲအား အခမ်းအနားဖြင့် ညနေ(၃)နာရီကျော်က ပြုလုပ်ရာတွင် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပွဲဦးထွက် အနဖြေင့် အထက(မိုင်းကိုး) - ခ အသင်း နှင့် အထက(တာလေ)တို့မှ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲသို့ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၇)ကျောင်းမှ အမျိုးသမီး ဘောလုံးအသင်း(၈)သင်းမှ ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲများအား နံနက်(၈)နာရီတွင် တစ်ကြိမ်၊ ညနေ(၃၀)နာရီခွဲအချိန်တွင် တစ်ကြိမ် စသည်ဖြင့် တစ်နေ့ နှစ်ကြိမ် သတ်မှတ်၍ ကျင်းသွားမည်ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲအား ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်