ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕နယ္၊ ေျမာက္ၿမိဳက္ေက်းရြာအုပ္စု၊ ဒဟတ္ကုန္းေက်းရြာမွ အမ်ိဳးသမီးတစ္ဦး ေအာက္တိုဘာလ (၉)ရက္ေန႔က တပ္ကုန္းၿမိဳ႕နယ္ ကုတင္ (၁၀၀)ျပည္သူ႔ေဆးရံုတြင္ ရင္ခ်င္းဆက္ အမႊာညီအစ္မအား ေမြးဖြားခဲ့ေၾကာင္း သိရသည္။
အသက္ (၃၆)ႏွစ္အရြယ္ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီး မျဖဴသည္ တပ္ကုန္းၿမိဳ႕နယ္ ကုတင္ (၁၀၀) ျပည္သူ႔ေဆး႐ံုႀကီးသို႔ အေရးေပၚ ေရာက္ရွိလာခဲ႔သျဖင့္ စမ္းသပ္စစ္ေဆးရာ ကေလးေျခေထာက္ (၄)ေခ်ာင္း စမ္းသပ္ေတြ႔ရွိ၍ ေဆး႐ံုအုပ္ႀကီး ေဒါက္တာထြန္းထြန္း ၊ ေမ႔ေဆးအထူးကု ေဒါက္တာဆန္းစုစုၾကည္ ၊ ကေလးအထူးကု ေဒါက္တာရဲေက်ာ္သူ ၊ ခြဲစိတ္ခန္း သူနာျပဳဆရာမမ်ားျဖင့္ အေရးေပၚ ခြဲစိတ္ေမြးဖြား ခဲ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။
လမေစ့ေသာ္လည္း ကိုယ္အေလးခ်ိန္ (၇)ေပါင္ေက်ာ္ရွိေသာ ရင္ခ်င္းဆက္အမႊာညီအစ္မအား ေကာင္းမြန္စြာ ေမြးဖြားႏိုင္ခဲ႔ၿပီး ကေလးမ်ားႏွင့္ မိခင္ျဖစ္သူမွာ က်န္းမာေရးေကာင္းမြန္ေၾကာင္း သိရသည္။
ရင္ခ်င္းဆက္အမႊာမွာ လမေစ႔၊ ေပါင္မျပည့္သျဖင့္ လိုအပ္ေသာ ေဆးကုသေစာင့္ေရွာက္မႈ ပိုမိုေဆာင္ရြက္ေပးႏိုင္ေရးအတြက္ ဥတၱရသီရိကေလးအထူးကုေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ ကုသ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
သတင္း - နန္းဟြမ္ခမ္း
အသက် (၃၆)နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး မဖြူသည် တပ်ကုန်းမြို့နယ် ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ရောက်ရှိလာခဲ့သဖြင့် စမ်းသပ်စစ်ဆေးရာ ကလေးခြေထောက် (၄)ချောင်း စမ်းသပ်တွေ့ရှိ၍ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းထွန်း၊ မေ့ဆေးအထူးကု ဒေါက်တာဆန်းစုစုကြည်၊ ကလေးအထူးကု ဒေါက်တာရဲကျော်သူ၊ ခွဲစိတ်ခန်း သူနာပြုဆရာမများဖြင့် အရေးပေါ် ခွဲစိတ်မွေးဖွား ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
လမစေ့သော်လည်း ကိုယ်အလေးချိန် (၇)ပေါင်ကျော်ရှိသော ရင်ချင်းဆက်အမွှာညီအစ်မအား ကောင်းမွန်စွာ မွေးဖွားနိုင်ခဲ့ပြီး ကလေးများနှင့် မိခင်ဖြစ်သူမှာ ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။
ရင်ချင်းဆက်အမွှာမှာ လမစေ့၊ ပေါင်မပြည့်သဖြင့် လိုအပ်သော ဆေးကုသစောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးနိုင်ရေးအတွက် ဥတ္တရသီရိကလေးအထူးကုဆေးရုံကြီးသို့ ပို့ဆောင် ကုသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - နန်းဟွမ်ခမ်း
