အဆိုပါဆုအား ၾသစႀတီးယားႏိုင္ငံ ဗီယင္နာၿမိဳ႕၌ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ (၂၅) ရက္ေန႔ မွ (၂၇) ရက္ေန႔ထိ က်င္းပျပဳလုပ္သည့္ Investment Competitiveness Forum တြင္ တက္ေရာက္ေနသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ႏိုင္ဦးက လက္ခံရယူခဲ့ေၾကာင္း သိရသည္။
ကမာၻ႔ဘဏ္အုပ္စုက Star Reformers Award၊ Strong Reformers Award ႏွင့္ Aspiring Reformers Award ဆုအမ်ိဳးအစား(၃)ခုကို ခ်ီးျမႇင့္ျခင္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္အတြက္ Star Reformers Award ျမန္မာႏိုင္ငံႏွင့္ အီသီယိုးပီးယားႏိုင္ငံတို႔အား ခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါဆုအား ခ်ီးျမႇင့္ရန္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုစီးဝင္လာရန္ ဆြဲေဆာင္ႏိုင္ျခင္း၊ ဥပေဒဆိုင္ရာ လုပ္ထုံး လုပ္နည္းမ်ား လြယ္ကူရွင္းလင္းရန္ ေဆာင္႐ြက္ႏိုင္ျခင္း၊ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမွ နည္းပညာမ်ား ျပည္တြင္းလုပ္ငန္းမ်ားသို႔ လႊဲေျပာင္းရရွိေစျခင္းႏွင့္ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ႏိုင္ငံတကာမွ အသိအမွတ္ျပဳႏုိင္သည္အထိ ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ျခင္း အစရွိသည့္ အခ်က္မ်ားကို အေျခခံ၍ ေ႐ြးခ်ယ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ဓါတ္ပုံ #ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန
**********
မြန်မာနိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အသိသာအထင်ရှားဆုံး ပြုလုပ်နိုင်မှုအတွက် ကမ္ဘာ့ဘဏ်အုပ်စု ( The World Bank Group)က “Star Reformers Award” ကို ချီးမြှင့်လိုက်ကြောင်း သိရသည်။
အဆိုပါဆုအား သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့ မှ (၂၇) ရက်နေ့ထိ ကျင်းပပြုလုပ်သည့် Investment Competitiveness Forum တွင် တက်ရောက်နေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်အုပ်စုက Star Reformers Award၊ Strong Reformers Award နှင့် Aspiring Reformers Award ဆုအမျိုးအစား(၃)ခုကို ချီးမြှင့်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွက် Star Reformers Award မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့အား ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆုအား ချီးမြှင့်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာရန် ဆွဲဆောင်နိုင်ခြင်း၊ ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများ လွယ်ကူရှင်းလင်းရန် ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ နည်းပညာများ ပြည်တွင်းလုပ်ငန်းများသို့ လွှဲပြောင်းရရှိစေခြင်းနှင့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာမှ အသိအမှတ်ပြုနိုင်သည်အထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း အစရှိသည့် အချက်များကို အခြေခံ၍ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ #ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
