အဆိုပါ တရားမဝင္သစ္မ်ားတင္ေဆာင္လာသည့္ေမာ္ေတာ္ယာဥ္သည္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနတြင္ မွတ္ပံုတင္ထားျခင္းမရွိသည္ကိုလည္း စစ္ေဆးေတြ႔ရိွရသျဖင့္ ယာဥ္ပိုင္ရွင္ႏွင့္ တရားမဝင္သစ္မ်ား သယ္ေဆာင္သူတုိ႔အား အေရးယူႏုိင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
အဆိုပါယာဥ္တြင္ တင္ေဆာင္လာသည့္ ပိေတာက္သစ္ဓါးေရႊတံုး(၈၂)တံုးအား သီေပါၿမိဳ႕နယ္၊ နားျဖန္းေက်းရြာအနီး မွ တင္ေဆာင္လာျခင္းျဖစ္ၿပီး မူဆယ္ၿမိဳ႕နယ္ ေမာ္ေတာင္းေက်းရြာသို႔ ပို႔ေဆာင္ရန္ ေမာင္းႏွင္လာျခင္းျဖစ္ေၾကာင္း သိရိွရသျဖင့္ သစ္မ်ားႏွင့္ သစ္တင္ေဆာင္လာသည့္ေမာ္ေတာ္ယာဥ္အား သစ္ေတာဦးစီးဌာနတြင္ ထိန္းသိမ္းထားေၾကာင္း သိရသည္။
ယာဥ္ေမာင္းျဖစ္သူအား ေနာင္မြန္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #သစ္ေတာဦးစီးဌာန
**********
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် စဉ့်အင်ဘိနယ်၊ နောင်ကွဲကျေးရွာအနီးတွင် အောက်တိုဘာလ (၉)ရက်နေ့က သစ် (၁.၇)တန်ကျော်အား တရားမဝင်သယ်ဆောင်လာသည့် လိုင်စင်မဲ့ကုန်တင်ယာဉ်တစ်စီးအား ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တရားမဝင်သစ်များတင်ဆောင်လာသည့်မော်တော်ယာဉ်သည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည်ကိုလည်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်ပိုင်ရှင်နှင့် တရားမဝင်သစ်များ သယ်ဆောင်သူတို့အား အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါယာဉ်တွင် တင်ဆောင်လာသည့် ပိတောက်သစ်ဓါးရွှေတုံး(၈၂)တုံးအား သီပေါမြို့နယ်၊ နားဖြန်းကျေးရွာအနီး မှ တင်ဆောင်လာခြင်းဖြစ်ပြီး မူဆယ်မြို့နယ် မော်တောင်းကျေးရွာသို့ ပို့ဆောင်ရန် မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သစ်များနှင့် သစ်တင်ဆောင်လာသည့်မော်တော်ယာဉ်အား သစ်တောဦးစီးဌာနတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ယာဉ်မောင်းဖြစ်သူအား နောင်မွန်နယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #သစ်တောဦးစီးဌာန
