ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် မျက်စိတိမ်စွဲဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ပေးမည်ဖြစ်ရာ စာရင်းပေးသွင်းလိုသူများအနေဖြင့် ပအိုဝ်းလူငယ်ကွန်ရက်သို့ အောက်တိုဘာလ (၅)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းကြရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ - တရုတ် ပြည်သူလူထု ကျန်းမာရေးပူးပေါင်းဆောင်ရွက်ခြင်း မြှင့်တင်ပေးရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် Myanmar Brightness Journey အဖွဲ့အစည်းက စီစဉ်ခြင်းဖြစ်ပြီး နေပြည်တော် ဥတ္တရသီရိမျက်စိအထူးကုဆေးရုံနှင့် တောင်ကြီးမြို့ စဝ်စံထွန်း အထွေထွေရောဂါကု ဆေးရုံများမှ မျက်စိအထူးကုဆရာဝန်များက မျက်စိတိမ်စွဲဝေဒနာရှင်ပေါင်း (၅၀၀)ကျော်အား အောက်တိုဘာလ (၁၉)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျက်စိတိမ်ခွဲစိတ်ကုသရန် စာရင်းပေးသွင်းလိုပါက ဖုန်းနံပါတ် ၀၉ ၄၅၄၉၁၄၉၂၀၊ ၀၉ ၅၂၁၁၁၀၇၊ ၀၉ ၅၂၁၄၀၇၆၊ ၀၉ ၄၁၀၀၃၉၁၀သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း #နိုနို
“ခွဲစိတ်ဖို့အတွက်ကို စဝ်စံထွန်းဆေးရုံအထိ လာရောက် ကုသနိုင်တဲ့ သူဖြစ်ရမယ်။ ကျွန်တော်တို့ ကွန်ရက်အနေနဲ့ ပထမဆုံးအကြိမ် ကူညီဆောင်ရွက်ပေးတာပါ။ ဒီဖောင်ဒေးရှင်းက အရင်က ရှမ်းပြည်မှာ လာရောက် ကုသပေးတာ မရှိသေးပါဘူး။ ဒီနှစ်မှစပြီး ကုသနိုင်ဖို့အတွက် ကျွန်တော်တို့ ကွန်ရက်နဲ့ လာရောက်ချိတ်ဆက်တာပါ” ဟု ပအိုဝ်းလူငယ်ကွန်ရက် ဗဟိုရုံးတာဝန်ခံ ခွန်စိုးမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာ - တရုတ် ပြည်သူလူထု ကျန်းမာရေးပူးပေါင်းဆောင်ရွက်ခြင်း မြှင့်တင်ပေးရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် Myanmar Brightness Journey အဖွဲ့အစည်းက စီစဉ်ခြင်းဖြစ်ပြီး နပြေည်တော် ဥတ္တရသီရိမျက်စိအထူးကုဆေးရုံနှင့် တောင်ကြီးမြို့ စဝ်စံထွန်း အထွေထွေရောဂါကု ဆေးရုံများမှ မျက်စိအထူးကုဆရာဝန်များက မျက်စိတိမ်စွဲဝေဒနာရှင်ပေါင်း (၅၀၀)ကျော်အား အောက်တိုဘာလ (၁၉)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျက်စိတိမ်ခွဲစိတ်ကုသရန် စာရင်းပေးသွင်းလိုပါက ဖုန်းနံပါတ် ဝ၉ ၄၅၄၉၁၄၉၂၀၊ ဝ၉ ၅၂၁၁၁၀၇၊ ဝ၉ ၅၂၁၄၀၇၆၊ ဝ၉ ၄၁၀၀၃၉၁၀တို့သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း #နိုနို
