႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႔ဝင္မ်ား၏ ေလ့က်င့္ေရး (မြမ္းမံ) သင္တန္း (၁/၂၀၁၇)ဆင္းပြဲ အခမ္းအနားကို ေအာက္တိုဘာလ(၈)ရက္၊ နံနက္ (၉)နာရီအခ်ိန္က က်င္းပသည္။
အခမ္းအနားတြင္ မိုင္းဆတ္ ဒုတိယခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက သင္တန္းဆင္း အမွာစကား ေျပာၾကားၿပီး သင္တန္းသား ထူးခၽြန္ဆုမ်ားေပးအပ္ခ်ီးျမႇင့္ရာ ပထမဆုရ တပ္စုမွဴး ခင္ေမာင္တိုးအား ဒုတိယခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းမွ လည္းေကာင္း၊ ဒုတိယဆုရ တပ္ၾကပ္ ႐ွာေမြလွအား အက်ဥ္းဦးစီးဌာန ဦးစီးအရာ႐ိွ ဦးေအာင္ဆန္းလင္းမွ လည္းေကာင္း၊ တတိယဆုရ တပ္သား ဆာေသးအား ၿမိဳ႕နယ္လဝကဦးစီးမွဴး ဦးဝင္းထြန္းမွ လည္းေကာင္းဆုမ်ား အသီးသီးခ်ီးျမႇင့္သည္။
ဆက္လက္၍ မိုင္းဆတ္ခ႐ုိင္မီးသတ္တပ္ဖြဲ႔မွဴး ဦးေဇာ္ႏိုင္ဝင္းမွ သင္တန္းဆင္းေအာင္လက္မွတ္မ်ားကို သင္တန္းသားမ်ား ကိုယ္စား တပ္သားဘာနပအား ေပးအပ္ခ်ီးျမႇင့္ၿပီးအခမ္းအနားကို ႐ုတ္သိမ္းခဲ့ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ေဇာ္၀မ္းထြန္း
အခမ်းအနားတွင် မိုင်းဆတ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသား ထူးချွန်ဆုများပေးအပ်ချီးမြှင့်ရာ ပထမဆုရ တပ်စုမှူး ခင်မောင်တိုးအား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ လည်းကောင်း၊ ဒုတိယဆုရ တပ်ကြပ် ရှာမွေလှအား အကျဉ်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဆန်းလင်းမှ လည်းကောင်း၊ တတိယဆုရ တပ်သား ဆာသေးအား မြို့နယ်လဝကဦးစီးမှူး ဦးဝင်းထွန်းမှ လည်းကောင်းဆုများ အသီးသီးချီးမြှင့်သည်။
ဆက်လက်၍ မိုင်းဆတ်ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးဇော်နိုင်ဝင်းမှ သင်တန်းဆင်းအောင်လက်မှတ်များကို သင်တန်းသားများ ကိုယ်စား တပ်သားဘာနပအား ပေးအပ်ချီးမြှင့်ပြီးအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇော်ဝမ်းထွန်း
