ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လမ်းလုပ်ငန်းများအားရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက အောက်တိုဘာလ (၁၃)ရက်နေ့က လိုက်လံစစ်ဆေးကြောင်း သိရသည်။
ဓါတ်ပုံ - စည်ပင်
မြို့နယ်စည်ပင်သာယာရေးဌာနက တာချီလိတ်မြို့တွင်း ပါလျှံ(၁)လမ်း ကိုယ့်အားကိုယ်ကိုး လမ်းသား တိုးချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ဗိုလ်ချုပ်လမ်းမကြီး လမ်းသားတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ကချင်ရွာသွားလမ်းဘေး(နမ့်ယွန်းချောင်း) ကျောက်ရိုးစီမြေကာနံရံ ပြုလုပ်ခြင်းတို့အား စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းလုံမားနှင့် အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ(လက်ထောက်ညွှန်ကြားရေးမှူး) ဦးစိုင်းအောင်လင်းနှင့် တာဝန်ခံအင်ဂျင်နီယာ(အင်ဂျင်နီယာမှူး)ဦးလှမျိုးတို့က လုပ်ငန်းအခြေအနေများ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - စည်ပင်
