တာခ်ီလိတ္ခရုိင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနႏွင့္ Sun Moon Light ကုိယ္ပုိင္ မူလတန္းေက်ာင္းတုိ႔ ပူးေပါင္း၍ ေအာက္တိုဘာလ (၂၇)ရက္ေန႔က ကေလးမ်ား ေဆးေရာင္ျခယ္ၿပဳိင္ပဲြ၊ စကၠဴအရုပ္ေခါက္ၿပဳိင္ပဲြႏွင့္ စာဖတ္စြမ္းရည္ၿပဳိင္ပဲြကုိ အဆုိပါ ဦးစီးဌာနရံုးရွိ Community Centre တြင္ က်င္းပေၾကာင္း သိရသည္။
ၿပိဳင္ပြဲတြင္ ေက်ာင္းသား ေက်ာင္းသူ (၃၀)ဦး ပါဝင္ယွဥ္ၿပိဳင္ၾကၿပီး ဆုရေက်ာင္းသားမ်ားအား အမွတ္တရ လက္ေဆာင္မ်ား ခ်ီးျမႇင့္ကာ ၿပဳိင္ပဲြအၿပီးတြင္ ေက်ာင္းသား ေက်ာင္းသူမ်ားက ျပည္သူ႔စာၾကည့္တုိက္ရွိ စာအုပ္စာေစာင္မ်ားႏွင့္ အသိပညာေပး နံရံကပ္စာေစာင္ျပဘုတ္မ်ားအား ၾကည့္ရႈေလ့လာၾကေၾကာင္း သိရသည္။
ခရုိင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ခရုိင္ဦးစီးအရာရွိ ဦးလွေဌးက ၿပဳိင္ပဲြမ်ား က်င္းပရျခင္းႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းေျပာၾကားၿပီး၊ စတုတၳတန္းေက်ာင္းသား ေမာင္ဟိန္းေတဇ က ၿပဳိင္ပဲြမ်ား က်င္းပျပဳလုပ္ေပးသည့္အတြက္ ေက်းဇူးတင္စကားေျပာၾကားေၾကာင္း ႏွင့္ Sun Moon Light ကုိယ္ပုိင္မူလတန္းေက်ာင္း တည္ေထာင္သူ ဆရာမ ေဒၚနန္းရွဲန္မြမ္းက ေက်ာင္းသား ေက်ာင္းသူမ်ား အေတြ႕အႀကဳံဗဟုသုတ တုိးပြားရရွိေစသည့္အတြက္ ေက်းဇူးတင္စကားေျပာၾကားေၾကာင္း သိရသည္။
အဆိုပါ ၿပိဳင္ပြဲအား ေက်ာင္းသူ ေက်ာင္းသူ ကေလးမ်ား တီထြင္ဖန္တီးမႈ စိတ္ကူး စိတ္သန္းမ်ား ျမႇင့္မားေရး၊ ဉာဏ္ရည္ ဉာဏ္ေသြး ထက္ျမက္ တုိးပြားေရး ႏွင့္ ျပင္ပဗဟုသုတမ်ား ရရွိေစေရးကို ရည္ရြယ္၍ က်င္းပျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။
သတင္း - ေ၀ယံလင္း
ဓာတ္ပံု - ယာေဆး
ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ (၃၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရကျောင်းသားများအား အမှတ်တရ လက်ဆောင်များ ချီးမြှင့်ကာ ပြိုင်ပွဲအပြီးတွင် ကျောင်းသား ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်ပြဘုတ်များအား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေးက ပြိုင်ပွဲများ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ စတုတ္ထတန်းကျောင်းသား မောင်ဟိန်းတေဇ က ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားကြောင်း နှင့် Sun Moon Light ကိုယ်ပိုင်မူလတန်းကျောင်း တည်ထောင်သူ ဆရာမ ဒေါ်နန်းရှဲန်မွမ်းက ကျောင်းသား ကျောင်းသူများ အတွေ့အကြုံဗဟုသုတ တိုးပွားရရှိစေသည့်အတွက် ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအား ကျောင်းသူ ကျောင်းသူ ကလေးများ တီထွင်ဖန်တီးမှု စိတ်ကူး စိတ်သန်းများ မြှင့်မားရေး၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက် တိုးပွားရေး နှင့် ပြင်ပဗဟုသုတများ ရရှိစေရေးကို ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး
