မလေးရှားနိုင်ငံတွင် နိုင်ငံကူးလက်မှတ်များ ပျောက်ဆုံး/ပျက်စီး၍ ပြန်လည်လျှောက်ထားကြသူများအနက် ခွင့်ပြုချက် ရရှိသူ (၁၅)ဦးစာရင်းကို မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးက အောက်တိုဘာလ (၈)ရက်နေ့တွင် အသိပေးကြေညာထားသည်။
နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီး၍ E card ဖြင့် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူများအနက် ခွင့်ပြုချက်ရရှိသူများ စာရင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စက်တင်ဘာလ (၂၉)ရက်စွဲပါစာဖြင့် အဆိုပါ (၁၅)ဦး၏ စာရင်းကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
