မောင်တောမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးအား လှည့်ကင်းဆောင်ရွက်စဉ် ဖမ်းဆီးရမိ

မောင်တောမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးအား လှည့်ကင်းဆောင်ရွက်စဉ် ဖမ်းဆီးရမိ
အောကျတိုဘာ 15, 2017
By Tachileik News Agency

ရခိုင်ပြည်နယ် မောင်တောမြို့ ဗိုလ်မှူးရွာအတွင်း အောက်တိုဘာလ (၁၁)ရက်နေ့က လှည့်ကင်း ဆောင်ရွက်နေစဉ် မသင်္ကာဖွယ် တွေ့ရသူတစ်ဦးအား စစ်ဆေးရာမှ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဖြစ်ကြောင်း သိရသဖြင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။


၎င်းအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကယုချောင်း(ခ) တက္ကနပ်မြို့နယ်၊ ပိုက်စိပ်ရွာမှ ဒီလ်မာမောက်ဆိုသည့် ပန်းရံလုပ်သားဖြစ်ပြီး လွန်ခဲ့သည့် လေးရက် ညနေ (၆)နာရီအချိန်ခန့်တွင် မောင်တောမြို့၊ မြို့မကညင်တန်း ကျေးရွာတွင် နေထိုင်သည့် ၎င်း၏ ယောက်ဖဝမ်းကွဲတော်စပ်သူ အီမန်ဟူဆောင်းနှင့်အတူ ပိုက်စိပ်ရွာမှ လောင်းလှေဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။


သတင်း - နန်းဟွမ်ခမ်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ် မောင်တောမြို့ ဗိုလ်မှူးရွာအတွင်း အောက်တိုဘာလ (၁၁)ရက်နေ့က လှည့်ကင်း ဆောင်ရွက်နေစဉ် မသင်္ကာဖွယ် တွေ့ရသူတစ်ဦးအား စစ်ဆေးရာမှ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဖြစ်ကြောင်း သိရသဖြင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒဖြေင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

မောင်တောမြို့အတွင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦး ဦးစီးအဖွဲ့၊ ဗိုလ်မှူးရွာ ရဲကင်းစခန်းမှူး ရဲတပ်ကြပ် ကျော်လှိုင်ဘွား ဦးစီးအဖွဲ့တို့သည် လှည့်ကင်းဆောင်ရွက်နေစဉ် ဗိုလ်မှူးရွာ လမ်းမပေါ်တွင် မသင်္ကာဖွယ်တွေ့ရသူတစ်ဦးအား တွေ့ရှိ၍ စစ်မေးရန်ခေါ်ယူစဉ် ထွက်ပြေးသွားသဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။

၎င်းအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကယုချောင်း(ခ) တက္ကနပ်မြို့နယ်၊ ပိုက်စိပ်ရွာမှ ဒီလ်မာမောက်ဆိုသည့် ပန်းရံလုပ်သားဖြစ်ပြီး လွန်ခဲ့သည့် လေးရက် ညနေ (၆)နာရီအချိန်ခန့်တွင် မောင်တောမြို့၊ မြို့မကညင်တန်း ကျေးရွာတွင် နေထိုင်သည့်၎င်း၏ ယောက်ဖဝမ်းကွဲတော်စပ်သူ အီမန်ဟူဆောင်းနှင့်အတူ ပိုက်စိပ်ရွာမှ လောင်းလှဖြေင့် ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဒီလ်မာမောက်အား မောင်တောမြို့မရဲစခန်းတွင် (ပ)၂၂၅/၂၀၁၇၊ လဝက အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~