ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏုိင္ငံသား ငွားရမ္းေနထိုင္သည့္ ဆန္ဆိုင္း(က)ရပ္ကြက္မွ ေနအိမ္အား ပူးေပါင္းအဖြဲ႕က ေအာက္တုိဘာလ (၂၃)ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲခန္႔က ဝင္ေရာက္ရွာေဖြရာ စိတ္ႂကြေဆးျပား၊ ေဆးေျခာက္ပုံေဆာင္ခဲမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ ခရိုင္ရဲတပ္ဖြဲ႕၀င္မ်ား၊ ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕၀င္မ်ား၊ စရဖ(တသခ)စု-၂ တို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ဝင္ေရာက္ရွာေဖြရာ ထုိင္းႏုိင္ငံသား Salmal Hammad အား အဆိုပါ ေနအိမ္တြင္ေတြ႔ရၿပီး ေနအိမ္အတြင္းမွ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား (၃၆)ျပား၊ ေဆးေျခာက္ပုံေဆာင္ခဲအေလးခ်ိန္ (၅)ဂရမ္ခန႔္ႏွင့္ ေဆးေျခာက္ပုံေဆာင္ခဲ ေျခမြသည့္ ကိရိယာဘူး(၁)ဘူး၊ စိတ္ႂကြေဆးရွဴသည့္ ကိရိယာ (၅)စုံတို႔အား စစ္ေဆး ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါး၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ လက္ဝယ္ေတြ႕ရွိသူ ထိုင္းနိုင္ငံသား Salmal Hammad အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၅၉/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - စိုင္းေဇယ်ာ
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ စရဖ(တသခ)စု-၂ တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား Salmal Hammad အား အဆိုပါ နေအိမ်တွင်တွေ့ရပြီး နေအိမ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၃၆)ပြား၊ ဆေးခြောက်ပုံဆောင်ခဲအလေးချိန် (၅)ဂရမ်ခန့်နှင့် ဆေးခြောက်ပုံဆောင်ခဲ ခြေမွသည့် ကိရိယာဘူး(၁)ဘူး၊ စိတ်ကြွဆေးရှူသည့် ကိရိယာ (၅)စုံတို့အား စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ လက်ဝယ်တွေ့ရှိသူ ထိုင်းနိုင်ငံသား Salmal Hammad အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၅၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - စိုင်းဇေယျာ
