ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ PEA ( Provincial Electricity Authority )လျှပ်စစ်ဌာနခွဲမှ လျှပ်စစ်မီးနှင့် ပတ်သက်၍ ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန်ရှိသည့် အတွက် တာချီလိတ်မြို့ တစ်မြို့လုံးတွင် တစ်နေကုန် လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
မယ်ဆိုင်ဘက်တွင် လျှပ်စစ်မီးပြုပြင်မှုများ ပြုလုပ်နေစဉ် တာချီလိတ်မြို့၏ မြို့တွင်း၊ မြို့ပြင်ကျေးရွာများ အထိ တစ်မြို့လုံးသို့ ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်(၇)နာရီမှ ညနေ(၃)နာရီခွဲဝန်းကျင် အထိ တစ်နေကုန် ဖြတ်ထောက်ထားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးမှ သိရသည်။
လျှပ်စစ်မီးဖြတ်တောက်ထားမှုကို တစ်နေကုန်သတ်မှတ်ထားသော်လည်း လုပ်ငန်း ဆောလျင်စွာ ပြီးမြောက်ပါက သတ်မှတ်အချိန်ထက် အမြန်ဆုံး လျှပ်စစ်မီးပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
