ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့နယ်ဓမ္မာရုံတွင် အောက်တိုဘာလ (၁၃)ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်၍ ဆေးလိပ်ငွေ့ ကင်းစင်နေရာ အကောင်အထည်ဖော်မှု အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဇွဲမြတ်
ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှူး ဦးစိုင်းဝင်းဇော်လှိုင်က ရှမ်းပြည်နယ် ဆေးလိပ်ငွေ့ကင်းစင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆေးလိပ်ငွေ့ကင်းစင်နေရာများ အကောင်အထည်ဖော်ဆောင်ရွက်ရေး အထောက်အကူပြု ပစ္စည်းများအား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှူး ဦးစိုင်းဝင်းဇော်လှိုင် အပါအဝင် တာချီလိတ်မှ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများအဖြစ် တာချီလိတ်ရွှေတိဂုံနှင့် မြို့နယ်ဓမ္မာရုံတို့အား သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ #ဇွဲမြတ်
