အဆိုပါ ဆုတောင်းပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ကယားပြည်နယ်)က ကြီးမှူး၍ လွိုင်ကော်မြို့၊ ကန္ဒရဝတီဥယျာဉ်ရှိ ကျောက်သားရင်ပြင်၌ ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်း #အင်မိုင်ခ
**********
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဘာသာပေါင်းစုံ စုပေါင်းဆုတောင်းပွဲကို ဒေသခံများနှင့်အတူ ပြည်နယ်အစိုးရ၊ လွှတ်တော်နှင့် ဌာနဆိုင်ရာများပါဝင်ပြီး အောက်တိုဘာလ (၁၀)ရက်နေ့က ကျင်းပကြောင်း သိရသည်။
အဆိုပါဆုတောင်းပွဲတွင် ဗုဒ္ဓဘာသာမှ ဥတ္တရာရုံပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် ဦးဇိနောဘာသ၊ ဟိန္ဒူဘာသာမှ ဦးနီတရေး(ခ)ဦးစိုးငြိမ်း၊ ခရစ်ယာန်ဘာသာမှ ဖာသာချဲဆိုဘရွှေနှင့် အစ္စလမ်ဘာသာမှ မော်လာနာအုမ္မာရ်း အလီ(ခ)ဦးတင်မောင်တို့က အသီးသီးဆုတောင်းမေတ္တာပို့သကြကြောင်း သိရသည်။
အဆိုပါ ဆုတောင်းပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ကယားပြည်နယ်)က ကြီးမှူး၍ လွိုင်ကော်မြို့၊ ကန္ဒရဝတီဥယျာဉ်ရှိ ကျောက်သားရင်ပြင်၌ ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ လွှတ်တော်ကို်ယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်း #အင်မိုင်ခ
ဓါတ်ပုံ #ကယားပြည်နယ်အစိုးရ
