ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္ ထူဒူငံသတိုးခ်ဲ႕ေက်းရြာရွိ ေနအိမ္အခ်ိဳ႕အား ကရင္နီအမ်ိဳးသား ဒီမိုကရက္တစ္ပါတီ (KNDP) အဖြဲ႕ပိုင္ ေျမေနရာတြင္ တည္ေဆာက္ထားသည္ဟုဆိုကာ ေအာက္တိုဘာလ (၁၂)ရက္ေန႔က ထပ္မံဖယ္ရွားလုိက္ေၾကာင္း သိရသည္။
ထူဒူငံသေက်းရြာ႐ွိ အိမ္ေထာင္စု ေလးစုေနထိုင္လ်က္႐ွိေသာ ေနအိမ္မ်ား ၎တို႔ အဖြဲ႕ပိုင္ေျမအတြင္း တည္ေဆာက္ထားသည္ဟု ဆိုကာ ေအာက္တိုဘာလ (၃) ရက္ေန႔က ေနအိမ္ႏွစ္လံုး ဖယ္ရွားခဲ့ၿပီး ေအာက္တိုဘာလ (၁၂)ရက္ေန႔တြင္ ေနအိမ္တစ္လုံးႏွင့္ ၿခံေလးၿခံအား ၿဖိဳဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ကြၽန္မတို႔ ရဲ႕ေျမလည္းျဖစ္ေသးတယ္။ တရားလည္းျပန္ဆြဲခံရေသးတယ္။ အခု အိမ္ေတြပါၿဖိဳၿပီး ေမာင္းထုတ္ ခံရျပန္ၿပီ။ ကြၽန္မတို႔ကေတာ့ လုံးဝ ထြက္မသြားႏိုင္ဘူး။ ဒီေနရာမွာ ျခံေ႐ွ႕မွာ တဲထိုးၿပီးေနတယ္"ဟု အိမ္ၿဖိဳခံရသည့္ ေဒၚေနာ္မူေအးက ေျပာသည္။
အဆိုပါ ေျမေနရာတြင္ ၁၉၇၄ ခုႏွစ္ကတည္းက ဘိုးဘြားစဥ္ဆက္ လုပ္ကိုင္ စားေသာက္ခဲ့ျခင္း ျဖစ္ေသာ္လည္း ေျမယာသိမ္းဆည္းခံခဲ့ရျခင္းျဖစ္ၿပီး ျပန္လည္ ဝင္ေရာက္ ေနထုိင္သူမ်ားအား ေျမယာသိမး္ဆည္းထားသည့္ နဂါးအဖြဲ႔က ၂၀၁၅ ခုႏွစ္တြင္ တရားစြဲခဲ့ရာ ႏွစ္ဦးမွာ အမႈရံႈးနိမ့္သြားကာ သံုးဦးမွာ တရားရင္ဆုိင္ဆဲျဖစ္ေၾကာင္း သိရသည္။
" သူတို႔ ဂရန္ေလွ်ာက္တုန္းကလည္း ကြၽန္ေတာ္တို႔ ကန္႔ကြက္တယ္။ ဒါလည္းမရဘူး။ ေနာက္ကြၽန္ေတာ္တို႔ကို တရားစြဲတယ္။ တရားဥပေဒဆိုတာ ကြၽန္ေတာ္တို႔ နားမလည္ဘူး။ ေတာင္သူေတြေလ ။ အမွန္တရားေျပာေပမဲ့ အမွန္တိုင္းျဖစ္မလာဘူး။ အစိုးရလည္း ကြၽန္ေတာ့္ဖက္မွာ မ႐ွိဘူး။ ကြၽန္ေတာ့္ သားသမီးဆယ့္တစ္ေယာက္႐ွိတယ္။ ဒီမွာပဲ အမွီျပဳၿပီး ဘိုးဘြားေခတ္ကတည္းက ေနထိုင္လုပ္စားလာတာ။ ဒီနားက ဘယ္အပင္က အသက္ဘယ္ေလာက္႐ွိတယ္ဆိုတာကအစ အလြတ္ေျပာျပႏိုင္တယ္။ ကြၽန္ေတာ့္ကို သူတို႔က ဥပေဒနဲ႔ပဲေျပာတယ္။ ကြၽန္ေတာ္မွနားမလည္တာ ကြၽန္ေတာ္တို႔ တိုင္းရင္းသား ႐ုိးရာနဲ႔ပဲ ကြၽန္ေတာ္လုပ္မယ္။ ေနာက္ဆုံး ကြၽန္ေတာ္ ႐ုိးရာနဲ႔ပဲ ေျဖ႐ွင္းေတာ့မယ္ " ဟု ေနအိမ္ဖ်က္ခံရသည့္ ကိုရဲေလက ေျပာသည္။
ေနအိမ္မ်ား ၿဖိဳဖ်က္ခံရသည့္ကိစၥအား ေျဖရွင္းေပးရန္ ျပည္သူ႕လႊတ္ေတာ္ဥကၠဌ၊ ျပည္နယ္လႊတ္ေတာ္ ဥကၠဌ၊ ေတာင္သူလယ္သမားေရးရာ ေကာ္မတီႏွင့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထံ ေတာင္သူမ်ားက စာေပးပို႔ထားေၾကာင္း သိရသည္။
အဆိုပါ ေျမယာမ်ား႐ွိ ေနအိမ္မ်ားအားဖယ္႐ွားေပးရန္ ဇန္နဝါရီႏွင့္ ေဖေဖာ္ဝါရီလမ်ားအတြင္းက သတိေပးထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၎ ေျမ (၄၃.၅)ဧကမွာ ၁၉၉၆ ခုႏွစ္တြင္ အစိုးရက နဂါးအဖြဲ႕အား ေပးအပ္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၅ ခုႏွစ္တြင္ အဆိုပါေျမမ်ားကို အျခားအသုံးျပဳခြင့္ ပုံစံ ၁၀၅ ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ကရင္နီအမ်ိဳးသား ဒီမိုကရက္တစ္ပါတီ (KNDP) (နဂါးအဖြဲ႕)သည္ ၁၉၉၆ ခုႏွစ္ ႏိုဝင္ဘာလ (၅) ရက္ေန႔တြင္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီမွ ခြဲထြက္လာသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခု ျဖစ္သည္။
သတင္း၊ဓာတ္ပံု #ဆန္းၿဖိဳးထြန္း
ထူဒူငံသကျေးရွာရှိ အိမ်ထောင်စု လေးစုနေထိုင်လျက်ရှိသော နေအိမ်များ၎င်းတို့ အဖွဲ့ပိုင်မြေအတွင်း တည်ဆောက်ထားသည်ဟု ဆိုကာ အောက်တိုဘာလ (၃) ရက်နေ့က နေအိမ်နှစ်လုံး ဖယ်ရှားခဲ့ပြီး အောက်တိုဘာလ (၁၂)ရက်နေ့တွင် နေအိမ်တစ်လုံးနှင့် ခြံလေးခြံအား ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်မတို့ ရဲ့မြေလည်းဖြစ်သေးတယ်။ တရားလည်းပြန်ဆွဲခံရသေးတယ်။ အခု အိမ်တွေပါဖြိုပြီး မောင်းထုတ် ခံရပြန်ပြီ။ ကျွန်မတို့ကတော့ လုံးဝ ထွက်မသွားနိုင်ဘူး။ ဒီနေရာမှာ ခြံရှေ့မှာ တဲထိုးပြီးနေတယ်"ဟု အိမ်ဖြိုခံရသည့် ဒေါ်နော်မူအေးက ပြောသည်။
အဆိုပါ မြေနေရာတွင် ၁၉၇၄ ခုနှစ်ကတည်းက ဘိုးဘွားစဉ်ဆက် လုပ်ကိုင် စားသောက်ခဲ့ခြင်း ဖြစ်သော်လည်း မြေယာသိမ်းဆည်းခံခဲ့ရခြင်းဖြစ်ပြီး ပြန်လည် ဝင်ရောက် နေထိုင်သူများအား မြေယာသိမး်ဆည်းထားသည့် နဂါးအဖွဲ့က ၂၀၁၅ ခုနှစ်တွင် တရားစွဲခဲ့ရာ နှစ်ဦးမှာ အမှုရှုံးနိမ့်သွားကာ သုံးဦးမှာ တရားရင်ဆိုင်ဆဲဖြစ်ကြောင်း သိရသည်။
" သူတို့ ဂရန်လျှောက်တုန်းကလည်း ကျွန်တော်တို့ ကန့်ကွက်တယ်။ ဒါလည်းမရဘူး။ နောက်ကျွန်တော်တို့ကို တရားစွဲတယ်။ တရားဥပဒေဆိုတာ ကျွန်တော်တို့ နားမလည်ဘူး။ တောင်သူတွေလေ။ အမှန်တရားပြောပေမဲ့ အမှန်တိုင်းဖြစ်မလာဘူး။ အစိုးရလည်း ကျွန်တော့်ဖက်မှာ မရှိဘူး။ ကျွန်တော့် သားသမီးဆယ့်တစ်ယောက်ရှိတယ်။ ဒီမှာပဲ အမှီပြုပြီး ဘိုးဘွားခေတ်ကတည်းက နေထိုင်လုပ်စားလာတာ။ ဒီနားက ဘယ်အပင်က အသက်ဘယ်လောက်ရှိတယ်ဆိုတာကအစ အလွတ်ပြောပြနိုင်တယ်။ ကျွန်တော့်ကို သူတို့က ဥပဒေနဲ့ပဲပြောတယ်။ ကျွန်တော်မှနားမလည်တာ ကျွန်တော်တို့ တိုင်းရင်းသား ရိုးရာနဲ့ပဲ ကျွန်တော်လုပ်မယ်။ နောက်ဆုံး ကျွန်တော် ရိုးရာနဲ့ပဲ ဖြေရှင်းတော့မယ် " ဟု နေအိမ်ဖျက်ခံရသည့် ကိုရဲလေက ပြောသည်။
နေအိမ်များ ဖြိုဖျက်ခံရသည့်ကိစ္စအား ဖြေရှင်းပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ တောင်သူလယ်သမားရေးရာ ကော်မတီနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ တောင်သူများက စာပေးပို့ထားကြောင်း သိရသည်။
အဆိုပါ မြေယာများရှိ နေအိမ်များအားဖယ်ရှားပေးရန် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်းက သတိပေးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း မြေ (၄၃.၅)ဧကမှာ ၁၉၉၆ ခုနှစ်တွင် အစိုးရက နဂါးအဖွဲ့အား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အဆိုပါမြေများကို အခြားအသုံးပြုခွင့် ပုံစံ ၁၀၅ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) (နဂါးအဖွဲ့)သည် ၁၉၉၆ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ခွဲထွက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
သတင်း၊ဓာတ်ပုံ #ဆန်းဖြိုးထွန်း
