ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕တြင္ ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္ အျဖစ္ မုိင္းျဖတ္ၿမိဳ႕ရွိ အသက္ (၆၀)ေက်ာ္ အၿငိမ္းစား ဆရာ/ဆရာမ(၁၀)ဦးကို ပူေဇာ္ကန္ေတာ့ၾကေၾကာင္း သိရသည္။
“ေအာက္တိုဘာလ (၅)ရက္ေန႔မွာ က်ေရာက္မယ့္ ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္အျဖစ္ အၿငိမ္းစား ဆရာ/ ဆရာမႀကီးေတြကို စုေပါင္းကန္ေတာ့ပြဲ ျပဳလုပ္တာျဖစ္ပါတယ္။ (၅) ရက္ေန႔က သီတင္းကြ်တ္ လျပည့္ေန႔ ျဖစ္ေနတဲ့အတြက္ ဆရာႀကီး၊ ဆရာမႀကီးေတြ ဥပုသ္သီလေဆာက္တည္လို႔ရေအာင္ တစ္ရက္ေစာၿပီး ျပဳလုပ္လိုက္တာ ျဖစ္ပါတယ္”ဟု မိုင္းျဖတ္ၿမိဳ႕နယ္ပညာေရးမွဴး ဦးစုိင္းသန္းလူ က တာခ်ီလိတ္ သတင္းေအဂ်င္စီ သို႔ေျပာသည္။
အဆိုပါ အခမ္းအနားကို မိုင္းျဖတ္ၿမိဳ႕ ၿမိဳ႕နယ္ပညာေရးဌာနမွ ဦးစီးေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း သိရၿပီး ကမၻာ့ဆရာမ်ားေန႔အထိမ္းအမွတ္ အထက္တန္းအဆင့္ ကဗ်ာၿပိဳင္ပြဲ၊ အထက္တန္းအဆင့္ စာစီစာကုံုး ၿပိဳင္ပြဲႏွင့္ အလယ္တန္းအဆင့္ စာစီစာကံုးၿပိဳင္ပြဲတို႔မွ ဆုရ ေက်ာင္းသူ/ေက်ာင္းသားမ်ားကိုလည္း ဆုမ်ားခ်ီးျမွင့္ေပးခဲ့ေၾကာင္း ႏွင့္ အဆိုပါ အခမ္းအနားအား မုိင္းျဖတ္ၿမိဳ႕ အေျခခံပညာ အထက္တန္းေက်ာင္း(မိုင္းျဖတ္)၏ သိပၸံခန္းမတြင္ ေအာက္တိုဘာလ(၄)ရက္ နံနက္(၉)နာရီ(၃၀) က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
သတင္း/ဓာတ္ပံု - #ကိုသာ
“အောက်တိုဘာလ (၅)ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဆရာ/ ဆရာမကြီးတွေကို စုပေါင်းကန်တော့ပွဲ ပြုလုပ်တာဖြစ်ပါတယ်။ (၅) ရက်နေ့က သီတင်းကျွတ် လပြည့်နေ့ ဖြစ်နေတဲ့အတွက် ဆရာကြီး၊ ဆရာမကြီးတွေ ဥပုသ်သီလဆောက်တည်လို့ရအောင် တစ်ရက်စောပြီး ပြုလုပ်လိုက်တာ ဖြစ်ပါတယ်”ဟု မိုင်းဖြတ်မြို့နယ်ပညာရေးမှူး ဦးစိုင်းသန်းလူ က တာချီလိတ် သတင်းအေဂျင်စီ သို့ပြောသည်။
အဆိုပါ အခမ်းအနားကို မိုင်းဖြတ်မြို့ မြို့နယ်ပညာရေးဌာနမှ ဦးစီးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့မှ ဆုရ ကျောင်းသူ/ကျောင်းသားများကိုလည်း ဆုများချီးမြှင့်ပေးခဲ့ကြောင်း နှင့် အဆိုပါ အခမ်းအနားအား မိုင်းဖြတ်မြို့ အခြေခံပညာ အထက်တန်းကျောင်း(မိုင်းဖြတ်)၏ သိပ္ပံခန်းမတွင် အောက်တိုဘာလ(၄)ရက် နံနက်(၉)နာရီ(၃၀) ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သတင်း/ဓာတ်ပုံ - #ကိုသာ
