မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥာဏသံဝရသည် နှစ်စဉ် ၀ါတွင်းကာလများ၌ ဂူအောင်း တရားကျင့်ကြံအားထုတ်မှုများ ပြုတော်မူလေ့ရှိရာ မိုင်းဆတ်မြို့နယ်အတွင်းရှိ တောတွင်းဂူတစ်နေရာတွင် ၀ါတွင်း(၃)လကာလ ဝစီပိတ်တရားကျင့်ကြံအားထုတ်ပြီးနောက် သီတင်းသုံးတော်မူနေရာ အဆိုပါ လှိုဏ်ဂူအတွင်းမှ ၂၀၁၇ခုနှစ် အောက်တိုဘာလ(၅)ရက် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းက ထွက်တော်မူရာ တပည့်ဒါယကာ ဒါယိကာမ များမှ ကြိုဆိုဖူးမြော်ခဲ့ကြသည်။
မိုင်းဖုန်းဆရာတော်သည် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့တွင် ကျိုင်းတုံသို့ ကြွတော်မူမည် ဖြစ်ကြောင်းနှင့် နေပြည်တော်သို့ ကြွရောက်ရန် အစီအစဉ်ရှိသော်လည်း ရက်အတိအကျ မသိရှိရသေးကြောင်း ဆရာတော်၏ အနီးနေ တပည့်ဒါယကာများထံက သိရသည်။
မိုင်းဖုန်းဆရာတော်သည် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့တွင် ကျိုင်းတုံသို့ ကြွတော်မူမည် ဖြစ်ကြောင်းနှင့် နပြေည်တော်သို့ ကြွရောက်ရန် အစီအစဉ်ရှိသော်လည်း ရက်အတိအကျ မသိရှိရသေးကြောင်း ဆရာတော်၏ အနီးနေ တပည့်ဒါယကာများထံက သိရသည်။
ဓာတ်ပုံ - ခရိုင် ထွေ/အုပ်
