ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ေအာက္တိုဘာလ (၈)ရက္ေန႔က မိုးသည္းထန္စြာရြာသြန္း၍ ေရႏႈတ္ေျမာင္းမရိွသည့္ ရပ္ကြက္မွ ေက်ာင္းႏွင့္ေနအိမ္ၿခံဝန္းမ်ား၏ အုတ္တံတိုင္းမ်ားၿပိဳက်မႈေၾကာင့္ လမ္းေဘးတစ္ေလွ်ာက္ရွိ ေရႏႈတ္ေျမာင္း ေပ (၅၈၀)ေက်ာ္ကို စည္ပင္သာယာေရးဌာနက စတင္ တူးေဖာ္ေနေၾကာင္း သိရသည္။
လားရိႈးၿမိဳ႕ အမွတ္(၁) ရပ္ကြက္၊ နယ္ေျမ(၂) ဟိုပန္လမ္းႏွင့္ မိုင္းေမာလမ္းၾကားရွိ လူေနရပ္ကြက္အတြင္း ေရႏႈတ္ေျမာင္း မရိွသျဖင့္ မိုးေရေၾကာင့္ လားရိႈးတကၠသိုလ္ဝန္း၏ အုတ္တံတုိင္းႏွင့္ လူေနရပ္ကြက္ အတြင္းမွ ေနအိမ္ၿခံဝန္းအခ်ိဳ၏ အုတ္တံတုိင္းမ်ား ၿပဳိက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။
“ကၽြန္ေတာ္တို႔က တကၠသိုလ္ေဘးနားကေန ကပ္ၿပီးေတာ့ အုတ္ေရေျမာင္းေတြ လုပ္လာေပးေနတယ္။ အဲဒီနားက လူေနရပ္ကြက္ကေတာ့ ေရဆိုးထြက္ေပါက္ေတြ ေရႏႈတ္ေျမာင္းေတြမရွိတဲ့အတြက္ တကၠသိုလ္ဝန္းထဲကလာတဲ့ ေရေတြက တကၠသိုလ္အုတ္တံတိုင္းကိုၿဖိဳခ်ၿပီး လူေနအိမ္ေတြထဲ အလံုးအရင္းနဲ႔ဝင္သြားတာပါ။ ေရေျမာင္း တူးေဖာ္ေပးဖို႔အတြက္ အိမ္ေရွ႕ေတြမွာ စိုက္ထားၾကတဲ့ သီးပင္စားပင္ေတြကိုေရႊ႕ခိုင္းထားတယ္။ လူေနအိမ္ေရွ႕ ေတြကိုလည္း ေရႏႈတ္ေျမာင္းေတြ တူးေဖာ္ေပးဖို႔ လုပ္ေနပါတယ္”ဟု လားရိႈးၿမိဳ႕နယ္စည္ပင္သာယာေရးးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးစိုးႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အုတ္တံတိုင္း ေပ(၁၁၀)ခန္႔ ၿပိဳက်ခဲ့ရာ အုတ္တံတိုင္းအနီးရွိ ေနအိမ္အခ်ိဳ႕မွ ျပတင္းမွန္အခ်ိဳ႕ကြဲသြားျခင္း ၊ ေနအိမ္အတြင္း ေရႏွင့္ အုတ္က်ိဳးအုတ္ပဲ့မ်ား ဝင္ေရာက္ခဲ့ျခင္းတို႔ေၾကာင့္ ပရိေဘာဂပစၥည္းမ်ား အထိအခိုက္ ရွိခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာရသူမရိွေၾကာင္း သိရသည္။
“ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ေလာက္တုန္းက တစ္ခါၿပိဳက်ဖူးတယ္။ ဒီႏွစ္ကေတာ့ ပိုဆိုးပါတယ္။ (၈)ရက္ေန႔ ညသန္းေခါင္ (၁၂) နာရီ ဝန္းက်င္မွာ မိုးမ်ားလာတဲ့အခ်ိန္ ၿပိဳက်သြားတာျဖစ္ပါတယ္။ တကၠသိုလ္ အုတ္တံတိုင္းကို တိုက္ခ်လာတဲ့ေရက ကၽြန္ေတာ့္အိမ္ဝန္းထဲဝင္ၿပီး ၿခံဝန္းတံတိုင္းေတြကိုတိုက္မိလို႔ ၿပိဳက်သြားတယ္။ အိမ္ကေတာ့ နည္းနည္းပဲ ထိခိုက္မိတယ္။ မနက္ပိုင္းေရာက္ေတာ့ ဌာနဆိုင္ရာေတြနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးေတြလာၿပီး စစ္ေဆးပါတယ္။ မီးသတ္ဌာနကလာၿပီး ကူညီရွင္းလင္းေပးတယ္။ ညေနပိုင္းမွာ ဒီနားကအိမ္ရွင္ေတြကိုစုၿပီး စည္ပင္သာယာေရးက ေရႏႈတ္ေျမာင္းတူးေဖာ္ေပးဖို႔ ေဆြးေႏြးမယ္လို႔ ေျပာပါတယ္”ဟု ၿခံဝန္းအုတ္တံတိုင္းၿပိဳက်သြားသည့္အိမ္မွ ဦးစံနက္က ေျပာသည္။
ႏံုးမ်ား၊ အုတ္က်ိဳးအုတ္ပဲ့မ်ား ဖယ္ရွားျခင္းႏွင့္ ေသာက္သံုးေရတြင္း(၃)ခုအား ဆယ္ယူရွင္းလင္းျခင္းတို႔အား လားရိႈးၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ လုပ္ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္
လားရှိုးမြို့ အမှတ်(၁) ရပ်ကွက်၊ နယ်မြေ(၂) ဟိုပန်လမ်းနှင့် မိုင်းမောလမ်းကြားရှိ လူနေရပ်ကွက်အတွင်း ရေနှုတ်မြောင်း မရှိသဖြင့် မိုးရေကြောင့် လားရှိုးတက္ကသိုလ်ဝန်း၏ အုတ်တံတိုင်းနှင့် လူနေရပ်ကွက် အတွင်းမှ နေအိမ်ခြံဝန်းအချို၏ အုတ်တံတိုင်းများ ပြိုကျသွားခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က တက္ကသိုလ်ဘေးနားကနေ ကပ်ပြီးတော့ အုတ်ရေမြောင်းတွေ လုပ်လာပေးနေတယ်။ အဲဒီနားက လူနေရပ်ကွက်ကတော့ ရေဆိုးထွက်ပေါက်တွေ ရေနှုတ်မြောင်းတွေမရှိတဲ့အတွက် တက္ကသိုလ်ဝန်းထဲကလာတဲ့ ရေတွေက တက္ကသိုလ်အုတ်တံတိုင်းကိုဖြိုချပြီး လူနေအိမ်တွေထဲ အလုံးအရင်းနဲ့ဝင်သွားတာပါ။ ရေမြောင်း တူးဖော်ပေးဖို့အတွက် အိမ်ရှေ့တွေမှာ စိုက်ထားကြတဲ့ သီးပင်စားပင်တွေကိုရွှေ့ခိုင်းထားတယ်။ လူနေအိမ်ရှေ့ တွေကိုလည်း ရေနှုတ်မြောင်းတွေ တူးဖော်ပေးဖို့ လုပ်နေပါတယ်”ဟု လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အုတ်တံတိုင်း ပေ(၁၁၀)ခန့် ပြိုကျခဲ့ရာ အုတ်တံတိုင်းအနီးရှိ နေအိမ်အချို့မှ ပြတင်းမှန်အချို့ကွဲသွားခြင်း၊ နေအိမ်အတွင်း ရေနှင့် အုတ်ကျိုးအုတ်ပဲ့များ ဝင်ရောက်ခဲ့ခြင်းတို့ကြောင့် ပရိဘောဂပစ္စည်းများ အထိအခိုက် ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။
“ပြီးခဲ့တဲ့ နှစ်နှစ်လောက်တုန်းက တစ်ခါပြိုကျဖူးတယ်။ ဒီနှစ်ကတော့ ပိုဆိုးပါတယ်။ (၈)ရက်နေ့ ညသန်းခေါင် (၁၂) နာရီ ဝန်းကျင်မှာ မိုးများလာတဲ့အချိန် ပြိုကျသွားတာဖြစ်ပါတယ်။ တက္ကသိုလ် အုတ်တံတိုင်းကို တိုက်ချလာတဲ့ရေက ကျွန်တော့်အိမ်ဝန်းထဲဝင်ပြီး ခြံဝန်းတံတိုင်းတွေကိုတိုက်မိလို့ ပြိုကျသွားတယ်။ အိမ်ကတော့ နည်းနည်းပဲ ထိခိုက်မိတယ်။ မနက်ပိုင်းရောက်တော့ ဌာနဆိုင်ရာတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတွေလာပြီး စစ်ဆေးပါတယ်။ မီးသတ်ဌာနကလာပြီး ကူညီရှင်းလင်းပေးတယ်။ ညနေပိုင်းမှာ ဒီနားကအိမ်ရှင်တွေကိုစုပြီး စည်ပင်သာယာရေးက ရေနှုတ်မြောင်းတူးဖော်ပေးဖို့ ဆွေးနွေးမယ်လို့ ပြောပါတယ်”ဟု ခြံဝန်းအုတ်တံတိုင်းပြိုကျသွားသည့်အိမ်မှ ဦးစံနက်က ပြောသည်။
နုံးများ၊ အုတ်ကျိုးအုတ်ပဲ့များ ဖယ်ရှားခြင်းနှင့် သောက်သုံးရေတွင်း(၃)ခုအား ဆယ်ယူရှင်းလင်းခြင်းတို့အား လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနမှ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်
