ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ရွမ္းရိုးမကြင္းတြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ တပ္မေတာ္အား လူထုေထာက္ခံပြဲ ႏွင့္အတူ အစြန္းေရာက္ ဘဂၤါလီ အၾကမ္းဖက္သမားမ်ားႏွင့္ Arakan Rohingya Salvation Army(ARSA)တို႔၏ အၾကမ္းဖက္ လုပ္ရပ္မ်ားအား ကန္႔ကြက္ရႈတ္ခ်ပြဲတို႔အား ပူးတြဲ၍ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၄)ရက္ေန႔ နံနက္ပိုင္းက က်င္းပရာ တာခ်ီလိတ္မွ ဘာသာႀကီး(၄)ဘာသာမွ တက္ေရာက္ ဆင္ႏႊဲခဲ့ၾကေၾကာင္း သိရသည္။
"ဒီပြဲက်င္းပရျခင္းရဲ႕ ရည္ရြယ္ခ်က္ကေတာ့ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ရခိုင္ျပည္နယ္ ဘက္မွာ ျဖစ္တဲ့ ျပႆနာနဲ ့ ပတ္သက္ပီး ပုံရိပ္က်ဆင္းေအာင္ လုပ္ၾကလို ့ပါ။ ဘယ္လို ပုံရိပ္က်ဆင္းေအာင္ လုပ္လဲဆိုရင္ ARSAအဖြဲ ့ရဲ ႔ အၾကမ္းဖက္လုပ္ရပ္ေတြနဲ ့ ပတ္သက္ျပီး ျမန္မာ့တပ္မေတာ္က ကာကြယ္တဲ့ေနရာမွာ လူ ့အခြင့္အေရး ခ်ိဳးေဖာက္တယ္ဆိုၿပီးေတာ့ အမ်ားက ေျပာတဲ့အခါမွာ ေဒၚေအာင္ဆန္းစုၾကည္က ဒါဟာ လူ ့အခြင့္အေရး ခ်ိဳးေဖာက္တာ မဟုတ္ဘူး ။ ဒါသည္ အခ်ဳပ္အျခာ အာဏာကို ကာကြယ္တာျဖစ္တယ္လို ့ ေျပာခဲ့တယ္။ ဒီလိုမ်ိဳး လူ ့အခြင့္အေရးခ်ိဳးေဖာက္တဲ့ဘက္က ရပ္တည္တယ္ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ဖိအားေတြေပးလာလို ့။ ေနာက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ပုံရိ္ပ္က်ဆင္းေအာင္လုပ္တဲ့ အတြက္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပုံရိပ္သည္ တိုင္းျပည္ရဲ႕ပုံရိပ္ျဖစ္တယ္။ တိုင္းျပည္ရဲ႕ ပုံရိပ္သည္ ကၽြန္ေတာ္တို ့ရဲ႕ ပုံရိပ္ျဖစ္တဲ့အတြက္ တိုင္းျပည္ရဲ ႔ ပုံရိပ္ကို ျပန္လည္ျမႇင့္တင္တဲ့ အေနနဲ ့ ဒီပြဲကို က်င္းပျခင္းျဖစ္ပါတယ္။"ဟု ဦးေဆာင္ က်င္းပသူ တစ္ဦးျဖစ္သည့္ ဦးတင့္ေဆြက ေျပာသည္။
အဆိုပါ အခမ္းအနားတြင္ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၏ လုပ္ေဆာင္ခ်က္မ်ားကို ေထာက္ခံသည္၊ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို ကာကြယ္ေနသည့္ ျမန္မာ့တပ္မေတာ္၏ လုပ္ရပ္မ်ားကို ေထာက္ခံသည္၊ ARSAအၾကမ္းဖက္အဖြဲ ့၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို ရႈတ္ခ်သည္၊ မဟုတ္မမွန္ လုပ္ၾကံ၍ ထုတ္လႊင့္ေနသည့္ ျပည္ပသတင္းဌာနမ်ားကို ကန္ ့ကြက္သည္ စသည့္ ေၾကြးေၾကာ္သံမ်ားကို ေၾကြးေၾကာ္ခဲ့ၾကသည္။
ထို ့အျပင္ အခမ္းအနားအတြင္းတြင္ သာသနာ့ဂုဏ္ရည္ ေက်ာင္းတိုက္ ဆရာေတာ္ ဦးဓမၼဓဇ(သာသနဓဇ ဓမၼာစရိယ)မွ ဗုဒၶဘာသာ၀င္မ်ား ကိုယ္စားျပဳအျဖစ္လည္းေကာင္း၊ သိကၡာေတာ္ရဆရာ ဆရာ ဦးဇီးလွ်ံအာမွ ခရစ္ယာန္ဘာသာ၀င္မ်ားကုိယ္စားျပဳအျဖစ္ လည္းေကာင္း၊ ဟာဂ်ီေမာလ၀ိဟာစံအလီ ဆရာ ကိုကိုႏိုင္မွ အစၥလာမ္ဘာသာ၀င္မ်ား ကုိယ္စားျပဳအျဖစ္လည္းေကာင္း ၊ ဦးတာေနစိုးမွ ဟိႏၵဴဘာသာ၀င္မ်ားကုိယ္စားျပဳ အျဖစ္ လည္းေကာင္း အသီးသီးေဟာေျပာခဲ့ၾကသည္။
အဆိုပါ အခမ္းအနားတြင္ ျပည္နယ္ဘ႑ာေရးဝန္ႀကီး ဦးစုိင္း႐ွဲန္တစ္လုံ၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ အပါအ၀င္၊ တာခ်ီလိတ္ရွိ တိုင္ရင္းသား ယဥ္ေက်းမႈအဖြဲ ့မ်ား၊ ႏုိုင္ငံေရးပါတီမ်ားႏွင့္ ဘာသာႀကီး(၄)ဘာသာမွ ကိုယ္စားျပဳမ်ားႏွင့္ တာခ်ီလိတ္ေန လူထုမ်ား ပါ၀င္ခဲ့ၾကေၾကာင္း သိရွိရသည္။
သတင္း/ဓာတ္ပံု - #ဇြဲျမတ္
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်အား လူထုထောက်ခံပွဲ နှင့်အတူ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် Arakan Rohingya Salvation Army(ARSA)တို့၏ အကြမ်းဖက် လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချပွဲတို့အား ပူးတွဲ၍ ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ တာချီလိတ်မှ ဘာသာကြီး(၄)ဘာသာမှ တက်ရောက် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
"ဒီပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်ပြည်နယ် ဘက်မှာ ဖြစ်တဲ့ ပြဿနာနဲ့ ပတ်သက်ပီး ပုံရိပ်ကျဆင်းအောင် လုပ်ကြလို့ပါ။ ဘယ်လို ပုံရိပ်ကျဆင်းအောင် လုပ်လဲဆိုရင် ARSAအဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်က ကာကွယ်တဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီးတော့ အများက ပြောတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ဘူး။ ဒါသည် အချုပ်အခြာ အာဏာကို ကာကွယ်တာဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်တဲ့ဘက်က ရပ်တည်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားတွေပေးလာလို့။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပုံရိ်ပ်ကျဆင်းအောင်လုပ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်သည် တိုင်းပြည်ရဲ့ပုံရိပ်ဖြစ်တယ်။ တိုင်းပြည်ရဲ့ ပုံရိပ်သည် ကျွန်တော်တို့ရဲ့ ပုံရိပ်ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ ပုံရိပ်ကို ပြန်လည်မြှင့်တင်တဲ့ အနေနဲ့ ဒီပွဲကို ကျင်းပခြင်းဖြစ်ပါတယ်။"ဟု ဦးဆောင် ကျင်းပသူ တစ်ဦးဖြစ်သည့် ဦးတင့်ဆွေက ပြောသည်။
အဆိုပါ အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို ထောက်ခံသည်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်နေသည့် မြန်မာ့တပ်မတော်၏ လုပ်ရပ်များကို ထောက်ခံသည်၊ ARSAအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသည်၊ မဟုတ်မမှန် လုပ်ကြံ၍ ထုတ်လွှင့်နေသည့် ပြည်ပသတင်းဌာနများကို ကန့်ကွက်သည် စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။
ထို့အပြင် အခမ်းအနားအတွင်းတွင် သာသနာ့ဂုဏ်ရည် ကျောင်းတိုက် ဆရာတော် ဦးဓမ္မဓဇ(သာသနဓဇ ဓမ္မာစရိယ)မှ ဗုဒ္ဓဘာသာဝင်များ ကိုယ်စားပြုအဖြစ်လည်းကောင်း၊ သိက္ခါတော်ရဆရာ ဆရာ ဦးဇီးလျှံအာမှ ခရစ်ယာန်ဘာသာဝင်များကိုယ်စားပြုအဖြစ် လည်းကောင်း၊ ဟာဂျီမောလဝိဟာစံအလီ ဆရာ ကိုကိုနိုင်မှ အစ္စလာမ်ဘာသာဝင်များ ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ဦးတာနေစိုးမှ ဟိန္ဒူဘာသာဝင်များကိုယ်စားပြု အဖြစ် လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် အပါအဝင်၊ တာချီလိတ်ရှိ တိုင်ရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ဘာသာကြီး(၄)ဘာသာမှ ကိုယ်စားပြုများနှင့် တာချီလိတ်နေ လူထုများ ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - #ဇွဲမြတ်
