ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်း မင်္ဂလာလမ်းထိပ်ရှိ နမ့်ယွန်းချောင်းရေ တိုက်စားမှုကြောင့် လမ်းသားပဲ့ကျသွားသဖြင့် မြို့နယ်စည်ပင်သာယာရေးဌာန၏ ဘတ်ဂျက်ဖြင့် တည်ဆောက် နေသော်လည်း ကျောက်သားဖြည့်ရန် ဘတ်ဂျက်မလုံလောက်သဖြင့် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းအား ကျောက်စီနံရံဖြင့် လမ်းပြန်ခင်းခြင်းကို စည်ပင်သာယာရေးဦးစီးဌာနက ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“ကျောက်က (၇)စီးထည့်ရမှာ တစ်စီးကို ဘတ်(၁၈၀၀)နဲ့ ဆိုတော့ စုစုပေါင်း ဘတ်(၁၂၆၀၀) မြေကားအကြီး တစ်စီးက ဘတ်(၁၀၀၀)၊ ဘိလပ်မြေတို့ သဲတို့ ထည့်ရမှာရောဆိုတော့ စုစုပေါင်း ဘတ်(၁၅၀၀၀)လောက် ကျမယ်လို့ပြောတယ်။ လက်ရှိမှာတော့ စည်ပင်က ဘတ်ဂျက်နဲ့ မလောက်ဘူး။ ရပ်ကွက်က ပူးပေါင်း ပါဝင်ပါလို့ သူတို့က ပြောပါတယ်။ ဒီတော့ လတ်တလောမှာတော့ ဆက်လုပ် ပေးထားပါလို့ ပြောထားပြီး အကြွေးယူပြီး ဖြည့်ထားရတာပေါ့။ ဒီနေရာက ရပ်ကွက်လူနေအိမ်တွေကလည်း ဝေးတော့ တာဝန်ယူ လှူမယ့်သူလည်း မရှိသေးဘူး။ လှူချင်တဲ့သူတွေရှိရင်တော့ ရပ်ကွက်ရုံးကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်”ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ လမ်းပိုင်းအား ကျောက်စီနံရံဖြင့် လမ်းပြန်ခင်းခြင်းကို စည်ပင်သာယာရေးဦးစီးဌာနက ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။
