ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္တြင္ လႊတ္တင္မည့္ ညမီးႀကီး၊ စိန္နားပန္မ်ား၏ အရြယ္အစားႏွင့္ ယမ္းပိႆာခ်ိန္မ်ားကို သတ္မွတ္ထားသည့္ အတိုင္း စိစစ္ၿပီးမွ ခြင့္ျပဳေပးသြားမည္ ျဖစ္ေၾကာင္း တန္ေဆာင္တိုင္ပြဲေတာ္ မီးပံုးပ်ံပြဲက်င္းပေရး ဦးစီးေကာ္မတီဝင္ ပြဲက်င္း ပေရး ဆပ္ေကာ္မတီထံမွ သိရသည္။
“ဒီႏွစ္ကေတာ့ အရင္ႏွစ္ထက္ စည္းကမ္းေတြ ပိုတင္းက်ပ္မယ္။ မီးပံုးပ်ံအျမင့္ကို ေခါင္ (၂၅) ေပထက္ မေက်ာ္ေအာင္ ယမ္းပိႆာခ်ိန္ (၄၀) သတ္မွတ္ထားတယ္။ စိန္နားပန္ဆိုရင္ ေပ (၂၀) ထက္မေက်ာ္ရဘူး။ ေခါင္ေတြမွာလည္း သတ္မွတ္ထားတဲ့အတိုင္း မေက်ာ္လြန္ရေအာင္ စစ္ေဆးမယ္။ အရင္ကေတာ့ စည္းကမ္း ေလ်ာ့ရဲတယ္။ ေခါင္ေတြခိုးျမႇင့္ထားတာေတြရွိတယ္။ (၂၅) ေပဆိုရင္ (၂၆) ေပအထိ ျမႇင့္ထားတာေတြရွိတယ္။ အဲဒီလိုက်ေတာ့ ယမ္းပိႆာခ်ိန္လည္းမ်ားတယ္။ လူေတြအတြက္လည္း အႏၱရာယ္ပိုျဖစ္ေစတယ္။ မနိုင္တဲ့၀န္ မထမ္းေအာင္ အႏၱရာယ္ကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ေသခ်ာစစ္ေဆးသြားမယ္။ ခါတိုင္းႏွစ္က ေခါင္မတိုင္းဘူး။ စည္းကမ္းေဖာက္တာေတြရွိပါတယ္” ဟု တန္ေဆာင္တိုင္ပြဲေတာ္ မီးပံုးပ်ံပြဲက်င္းပေရး ဦးစီးေကာ္မတီဝင္ ပြဲက်င္းပေရးဆပ္ေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ေဒါက္တာသန္းဝင္းက တာခ်ီလိိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မီးပံုးပ်ံ လႊတ္တင္ရာတြင္ မီးေဘးအႏၱရာယ္ကင္းရွင္းေစေရးအတြက္ လႊတ္တင္မည့္ မီးပံုးမ်ားကို စိစစ္ျခင္းႏွင့္ မီးဆရာမ်ားအား အစည္းအေဝးေခၚယူကာ စည္းကမ္းလုိက္နာေရး ႀကိဳတင္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ၿပိဳင္ပြဲမွာကေတာ့ အလံုးေရ မကန္႔သတ္ထားဘူး။ အရင္ႏွစ္ကေတာ့ စာရင္းအလံုးေရ (၁၂၀) ေက်ာ္တယ္။ ဒီႏွစ္လည္း အဲဒီထက္ေတာ့ မနည္းပါဘူး။ ေတာင္ႀကီးကတင္ မဟုတ္ဘူး။ ရွမ္း/အေရွ႕ကိုယ္စားျပဳ လႊတ္တင္တဲ့သူေတြလည္း ရွိတယ္။ လိြဳင္လင္၊ ဟိုပံုး၊ အင္းေလး၊ ေညာင္ေရႊဘက္က အဖြဲ႕ေတြလည္း ပါတယ္။ အစံုပါပါတယ္”ဟု တန္ေဆာင္တိုင္ပြဲေတာ္ မီးပံုးပ်ံပြဲက်င္းပေရး ဦးစီးေကာ္မတီဝင္ ပြဲက်င္းပေရးဆပ္ေကာ္မတီတြဲဖက္အတြင္းေရးမွဴး ေဒါက္တာသန္းဝင္းက ေျပာသည္။
စိန္နားပန္မ်ားအတြက္ အရြယ္အစားမွာ ေခါင္အခ်င္း (၁၈) ေပထက္မငယ္ရ၊ (၂၀) ေပထက္မႀကီးရ။ ညမီးႀကီးအရြယ္အစားမွာ ေခါင္အခ်င္း (၂၃) ေပထက္မငယ္ရ၊ (၂၅) ေပ ထက္မႀကီးရ ယမ္းပိႆာခ်ိန္ (၄၀) အထိဟု သတ္မွတ္ေပးထားေၾကာင္း သိရသည္။
တန္ေဆာင္တိုင္ပြဲေတာ္အား ေတာင္ႀကီးၿမိဳ႕ အေဝရာမီးပံုးပ်ံကြင္း၌ ေအာက္တိုဘာလ (၂၆) ရက္ေန႔မွ နို၀င္ဘာလ (၃)ရက္ေန႔အထိ က်င္းပမည္ျဖစ္ၿပီး နို၀င္ဘာလ (၄) ရက္ေန႔၌ ဆုေပးပြဲက်င္းပမည္ျဖစ္သည္။
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ၂၀၁၇ ေတာင္ႀကီးတန္ေဆာင္တိုင္ရိုးရာမီးပံုးပ်ံၿပိဳင္ပြဲတြင္ လႊတ္တင္မည့္အဖြဲ႕မ်ား စက္တင္ဘာလ (၂၅) ရက္ေန႔မွ ေအာက္တိုဘာလ (၁၃) ရက္ေန႔အထိ သတ္မွတ္ေနရာမ်ားတြက္ စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။
သတင္း #ႏိုႏို
“ဒီနှစ်ကတော့ အရင်နှစ်ထက် စည်းကမ်းတွေ ပိုတင်းကျပ်မယ်။ မီးပုံးပျံအမြင့်ကို ခေါင် (၂၅) ပေထက် မကျော်အောင် ယမ်းပိဿါချိန် (၄၀) သတ်မှတ်ထားတယ်။ စိန်နားပန်ဆိုရင် ပေ (၂၀) ထက်မကျော်ရဘူး။ ခေါင်တွေမှာလည်း သတ်မှတ်ထားတဲ့အတိုင်း မကျော်လွန်ရအောင် စစ်ဆေးမယ်။ အရင်ကတော့ စည်းကမ်း လျော့ရဲတယ်။ ခေါင်တွေခိုးမြှင့်ထားတာတွေရှိတယ်။ (၂၅) ပေဆိုရင် (၂၆) ပေအထိ မြှင့်ထားတာတွေရှိတယ်။ အဲဒီလိုကျတော့ ယမ်းပိဿါချိန်လည်းများတယ်။ လူတွေအတွက်လည်း အန္တရာယ်ပိုဖြစ်စေတယ်။ မနိုင်တဲ့ဝန် မထမ်းအောင် အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သေချာစစ်ဆေးသွားမယ်။ ခါတိုင်းနှစ်က ခေါင်မတိုင်းဘူး။ စည်းကမ်းဖောက်တာတွေရှိပါတယ်” ဟု တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပွဲကျင်းပရေး ဦးစီးကော်မတီဝင် ပွဲကျင်းပရေးဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မီးပုံးပျံ လွှတ်တင်ရာတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လွှတ်တင်မည့် မီးပုံးများကို စိစစ်ခြင်းနှင့် မီးဆရာများအား အစည်းအဝေးခေါ်ယူကာ စည်းကမ်းလိုက်နာရေး ကြိုတင်ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပြိုင်ပွဲမှာကတော့ အလုံးရေ မကန့်သတ်ထားဘူး။ အရင်နှစ်ကတော့ စာရင်းအလုံးရေ (၁၂၀) ကျော်တယ်။ ဒီနှစ်လည်း အဲဒီထက်တော့ မနည်းပါဘူး။ တောင်ကြီးကတင် မဟုတ်ဘူး။ ရှမ်း/အရှေ့ကိုယ်စားပြု လွှတ်တင်တဲ့သူတွေလည်း ရှိတယ်။ လွိုင်လင်၊ ဟိုပုံး၊ အင်းလေး၊ ညောင်ရွှေဘက်က အဖွဲ့တွေလည်း ပါတယ်။ အစုံပါပါတယ်”ဟု တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပွဲကျင်းပရေး ဦးစီးကော်မတီဝင် ပွဲကျင်းပရေးဆပ်ကော်မတီတွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက ပြောသည်။
စိန်နားပန်များအတွက် အရွယ်အစားမှာ ခေါင်အချင်း (၁၈) ပေထက်မငယ်ရ၊ (၂၀) ပေထက်မကြီးရ။ ညမီးကြီးအရွယ်အစားမှာ ခေါင်အချင်း (၂၃) ပေထက်မငယ်ရ၊ (၂၅) ပေ ထက်မကြီးရ ယမ်းပိဿါချိန် (၄၀) အထိဟု သတ်မှတ်ပေးထားကြောင်း သိရသည်။
တန်ဆောင်တိုင်ပွဲတော်အား တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ အောက်တိုဘာလ (၂၆) ရက်နေ့မှ နိုဝင်ဘာလ (၃)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာလ (၄) ရက်နေ့၌ ဆုပေးပွဲကျင်းပမည်ဖြစ်သည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ၂၀၁၇ တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် လွှတ်တင်မည့်အဖွဲ့များ စက်တင်ဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့အထိ သတ်မှတ်နေရာများတွက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
သတင်း #နိုနို
