“ႏိုင္ငံျခားသားခရီးသြားေတြလာရင္ ပင္းတယမွာက ညအိပ္နည္းတယ္။ ေန႔တစ္ပိုင္းေလာက္ေနၿပီး ျပန္ထြက္သြားတာေတြ မ်ားတယ္။ အခုေနာက္ပိုင္းမွာက (trekking) ေတာင္တက္ခရီးသြားလမ္းေၾကာင္းေတြမွာ ေတာ္ေတာ္မ်ားမ်ား သြားတာကေတာ့ ရြာငံကို ပိုသြားတာမ်ားလာတယ္။ ရြာငံမွာက ျပည္ပခရီးသြားေတြ အ၀င္အထြက္လည္း အရမ္းမ်ားလာတယ္။ အရင္က ရြာငံမွာဆို မရွိသေလာက္နည္းတယ္။ ရြာငံမွာက ဂူေတြလည္း မ်ားလာတယ္။ သဘာ၀ပတ္၀န္း က်င္ေလ့လာမယ့္ေနရာလည္း မ်ားလာတယ္။ (trekking) ေတာင္တက္ခရီးသြားသမားေတြက အဲဒီကိုပိုသြားလာၾကတာမ်ားတယ္”ဟု ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခရီးသြားလုပ္ငန္း ဥကၠဌ ဦးဝနထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရြာငံၿမိဳ႕သို႔ ႏုိင္ငံျခားသားခရီးသြားလည္ပတ္မႈမွာ ယခုႏွစ္အတြင္း မရိွသေလာက္နည္းလာၿပီး သဘာဝလိုဏ္ဂူမ်ား၊ ေရႊဥမင္လိုဏ္ဂူႏွင့္ လက္မႈလုပ္ငန္းမ်ားေလ့လာစရာရိွသည့္ ပင္းတယသို႔ သြားေရာက္လည္ပတ္မႈမ်ားလာေၾကာင္း သိရသည္။
“ပင္းတယမွာကေတာ့ ျပည္ပကဆိုရင္ ေရႊသမင္ဂူသြားၾကတယ္။ ျပည္တြင္းဧည့္သည္ေတြက ကြန္လံုဆရာ ေတာ္ေက်ာင္းသြားတာေတြမ်ားတယ္။ ပင္းတယမွာ ခရီးသြားလုပ္ငန္းေတြ ပိုမိုက်ယ္ျပန္နိုင္ဖို႕ကိုေတာ့ အမ်ားႀကီး ထပ္လုပ္ရအံုးမွာပါ။ ရြာငံထက္စာရင္ ပင္းတယက လည္ပတ္ရမယ့္ေနရာ အရမ္းနည္းေနေသးပါတယ္”ဟု ၄င္းကေျပာသည္။
ပင္းတယၿမိဳ႕နယ္အတြင္း ကမၻာလွည့္ခရီးသြားေစ်းကြက္အတြက္ ပင္းတယၿမိဳ႕နွင့္ ေလးမိုင္ခန္႔အကြာရိွ ပင္စိမ္းရြာႏွင့္ ဆီၾကာအင္းရြာမ်ားတြင္လည္း ျပင္ဆင္မႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။
သတင္း #ႏိိုႏို
*************
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ဆောင်နေသည့် ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်နှစ်ခုအနက် တောင်တက်ခရီးသွားလမ်းကြောင်း ပိုများသည့် ရွာငံမြို့နယ်သို့ ကမ္ဘာလှည့်ခရီးသွားအများဆုံး ဝင်ရောက်ကြောင်း သိရသည်။
“နိုင်ငံခြားသားခရီးသွားတွေလာရင် ပင်းတယမှာက ညအိပ်နည်းတယ်။ နေ့တစ်ပိုင်းလောက်နေပြီး ပြန်ထွက်သွားတာတွေ များတယ်။ အခုနောက်ပိုင်းမှာက (trekking) တောင်တက်ခရီးသွားလမ်းကြောင်းတွေမှာ တော်တော်များများ သွားတာကတော့ ရွာငံကို ပိုသွားတာများလာတယ်။ ရွာငံမှာက ပြည်ပခရီးသွားတွေ အဝင်အထွက်လည်း အရမ်းများလာတယ်။ အရင်က ရွာငံမှာဆို မရှိသလောက်နည်းတယ်။ ရွာငံမှာက ဂူတွေလည်း များလာတယ်။ သဘာဝပတ်ဝန်း ကျင်လေ့လာမယ့်နေရာလည်း များလာတယ်။ (trekking) တောင်တက်ခရီးသွားသမားတွေက အဲဒီကိုပိုသွားလာကြတာများတယ်”ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရီးသွားလုပ်ငန်း ဥက္ကဌ ဦးဝနထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရွာငံမြို့သို့ နိုင်ငံခြားသားခရီးသွားလည်ပတ်မှုမှာ ယခုနှစ်အတွင်း မရှိသလောက်နည်းလာပြီး သဘာဝလိုဏ်ဂူများ၊ ရွှေဥမင်လိုဏ်ဂူနှင့် လက်မှုလုပ်ငန်းများလေ့လာစရာရှိသည့် ပင်းတယသို့ သွားရောက်လည်ပတ်မှုများလာကြောင်း သိရသည်။
“ပင်းတယမှာကတော့ ပြည်ပကဆိုရင် ရွှေသမင်ဂူသွားကြတယ်။ ပြည်တွင်းဧည့်သည်တွေက ကွန်လုံဆရာ တော်ကျောင်းသွားတာတွေများတယ်။ ပင်းတယမှာ ခရီးသွားလုပ်ငန်းတွေ ပိုမိုကျယ်ပြန်နိုင်ဖို့ကိုတော့ အများကြီး ထပ်လုပ်ရအုံးမှာပါ။ ရွာငံထက်စာရင် ပင်းတယက လည်ပတ်ရမယ့်နေရာ အရမ်းနည်းနေသေးပါတယ်”ဟု ၄င်းကပြောသည်။
ပင်းတယမြို့နယ်အတွင်း ကမ္ဘာလှည့်ခရီးသွားစျေးကွက်အတွက် ပင်းတယမြို့နှင့် လေးမိုင်ခန့်အကွာရှိ ပင်စိမ်းရွာနှင့် ဆီကြာအင်းရွာများတွင်လည်း ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
သတင်း #နိိုနို
