ျမန္မာႏုိင္ငံသားအမ်ိဳးသမီး (၁၁)ဦးမွာ ထုိင္းႏုိင္ငံအတြင္း နယ္စပ္ျဖတ္ေက်ာ္လက္မွတ္ သက္တမ္းေက်ာ္ လြန္ေနထုိင္ျခင္း၊အေထာက္အထားမရွိဘဲ ေနထုိင္ျခင္းတို႔ေၾကာင့္ ဖမ္းဆီးခံရၿပီး ျမန္မာႏိုင္ငံဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏုိင္ငံဖက္မွ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ေစ့စပ္ညွိႏွိဳင္းေရးေကာ္မတီ (CNCMC)တို႔က တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတားအမွတ္ (၂)တြင္ လက္ခံႀကိဳဆိုၾကၿပီး ၄င္းတုိ႕၏ မူလေနရပ္ေဒသမ်ားသုိ႔ ျပန္ႏုိင္ေရးအတြက္ ကူညီေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။
ထိုင္းႏုိင္ငံအတြင္း တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ႏွင့္နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္သို႔ ၂၀၁၇ ခုႏွစ္အတြင္း လႊဲေျပာင္းေပးခဲ့သည့္ အေရအတြက္မွာ ဇန္န၀ါရီလ(၁)ရက္ေန႕မွ စက္တင္ဘာလ(၁၈)ရက္ေန႔အထိ အမ်ိဳးသား (၆၅၉)ဦး၊ အမ်ိဳးသမီး(၃၀၈)ဦး၊ ကေလး(၅၂)ဦး စုစုေပါင္း (၁၀၁၉)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။
ဓါတ္ပံု #ၿမိဳ႕နယ္ေထြ/အုပ္
**********
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား အမျိုးသမီး(၁၁)ဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများထံသို့ စက်တင်ဘာလ (၁၈)ရက်နေ့ နေ့လယ်က လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားအမျိုးသမီး (၁၁)ဦးမှာ ထိုင်းနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်လက်မှတ် သက်တမ်းကျော် လွန်နေထိုင်ခြင်း၊အထောက်အထားမရှိဘဲ နေထိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံဖက်မှ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)တို့က တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ် (၂)တွင် လက်ခံကြိုဆိုကြပြီး ၄င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်သို့ ၂၀၁၇ ခုနှစ်အတွင်း လွှဲပြောင်းပေးခဲ့သည့် အရေအတွက်မှာ ဇန်နဝါရီလ(၁)ရက်နေ့မှ စက်တင်ဘာလ(၁၈)ရက်နေ့အထိ အမျိုးသား (၆၅၉)ဦး၊ အမျိုးသမီး(၃၀၈)ဦး၊ ကလေး(၅၂)ဦး စုစုပေါင်း (၁၀၁၉)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ #မြို့နယ်ထွေ/အုပ်
