သီေပါျပည္သူ႔ေဆးရံုႏွင့္ အလွဴရွင္မ်ားပူးေပါင္းအစီအစဥ္ျဖင့္ ေဆးရံုတက္လူနာမ်ားအား တစ္ေန႔သံုးႀကိမ္ အဟာရဒါနေကၽြးေမြးျခင္းစတင္

သီေပါျပည္သူ႔ေဆးရံုႏွင့္ အလွဴရွင္မ်ားပူးေပါင္းအစီအစဥ္ျဖင့္ ေဆးရံုတက္လူနာမ်ားအား တစ္ေန႔သံုးႀကိမ္ အဟာရဒါနေကၽြးေမြးျခင္းစတင္
စက်တင်ဘာ 18, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕ ကုတင္(၁၀၀)ျပည္သူ႔ေဆးရံုတြင္ ေဆးရံုတက္လူနာမ်ားအား တစ္ေန႔ (၃)ႀကိမ္ အာဟာရဒါနေကၽြးေမြးျခင္းအား ေဆးရံုႏွင့္ အလွဴရွင္မ်ား ပူးေပါင္းၿပီး စက္တင္ဘာလ(၁၈)ရက္ေန႔မွ စတင္ေနေၾကာင္း ေဆးရံုအုပ္ႀကီးထံမွ သိရသည္။

“စက္တင္ဘာလ (၁၈)ရက္ေန႔ကေနစၿပီး ျပဳလုပ္ေပးတာျဖစ္ပါတယ္။ လူနာေတြအေနနဲ႔ ေဆးရံုမွာလာတက္တဲ့ အခါမွာ အျပင္ကအစားအစာေတြကို ဝယ္စားမယ္ဆိုရင္ အစားတစ္လုပ္အတြက္နဲ႔ ေဘးျဖစ္မွာစိုးလို႔ လူနာေတြနဲ႔ သင့္တင့္မယ့္အစားအစာကို အစားတစ္လုပ္က အားတစ္ဆုပ္ျဖစ္ေအာင္ ရည္ရြယ္ၿပီးေတာ့ အလွဴရွင္ေတြနဲ႔ အာဟာရဒါနလွဴဒါန္းမႈကို ျပဳလုပ္တာ ျဖစ္ပါတယ္”ဟု သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သီေပါျပည္သူ႔ေဆးရံုသည္ ကုတင္(၁၀၀)ဆံံ့ေဆးရံုျဖစ္ၿပီး လက္ရွိတက္ေရာက္ကုသမႈခံယူေနသည့္ လူနာအေရအတြက္မွာ (၅၄)ဦးရိွေၾကာင္းသိရသည္။

တစ္ေန႔သံုးႀကိမ္အာဟာရေကၽြးေမြးမႈအတြက္ လူနာတစ္ဦးလ်ွင္ ပ်မ္းမွ် က်ပ္(၇၀၀)ႏႈန္းသတ္မွတ္ထားၿပီး နံနက္ (၇) နာရီတြင္ ေကြကာအုပ္ႏွင့္ ၾကက္ဥျပဳတ္၊ ေန႔လယ္(၁၁)နာရီတြင္ ၾကက္သားဆန္ျပဳတ္၊ ညေန(၄)နာရီတြင္ ေကြကာအုပ္ႏွင့္ ၾကက္ဥျပဳတ္တို႔ ေကၽြးေမြးျခင္းျဖစ္ေၾကာင္း သိရသည္။

စက္တင္ဘာလ (၁၈)ရက္ေန႔ အာဟာရဒါနအတြက္ သီေပါၿမိဳ႕ရွိ နယ္စည္းမျခားပရဟိတအသင္းက လွဴဒါန္းထားေၾကာင္းသိရၿပီး လူနာမ်ားအတြက္ ေန႔စဥ္အာဟာရဒါနလွဴဒါန္းလိုသူမ်ားအေနျဖင့္ သီေပါၿမိဳ႕ျပည္သူ႔ေဆးရံုမွ ေဆးလူမႈဆက္ဆံေရးဌာန၏ ဌာနမွဴး ေဒၚယဥ္ေက်ာ့ေက်ာ့ခိုင္ ဖုန္း ၀၉ ၉၇၃၀၀၉၂၁၀ သို႔ဆက္သြယ္ႏုိင္သည့္အျပင္ ေဆးရံုတြင္လည္း ကိုယ္တိုင္လာေရာက္ လွဴဒါန္းမႈျပဳႏိုင္ေၾကာင္း ေဆးရံုအုပ္ႀကီးထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #ကိုမ်ိဳး

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်လူနာများအား တစ်နေ့ (၃)ကြိမ် အာဟာရဒါနကျွေးမွေးခြင်းအား ဆေးရုံနှင့် အလှူရှင်များ ပူးပေါင်းပြီး စက်တင်ဘာလ(၁၈)ရက်နေ့မှ စတင်နေကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

“စက်တင်ဘာလ (၁၈)ရက်နေ့ကနေစပြီး ပြုလုပ်ပေးတာဖြစ်ပါတယ်။ လူနာတွေအနေနဲ့ ဆေးရုံမှာလာတက်တဲ့ အခါမှာ အပြင်ကအစားအစာတွေကို ဝယ်စားမယ်ဆိုရင် အစားတစ်လုပ်အတွက်နဲ့ ဘေးဖြစ်မှာစိုးလို့ လူနာတွေနဲ့ သင့်တင့်မယ့်အစားအစာကို အစားတစ်လုပ်က အားတစ်ဆုပ်ဖြစ်အောင် ရည်ရွယ်ပြီးတော့ အလှူရှင်တွေနဲ့ အာဟာရဒါနလှူဒါန်းမှုကို ပြုလုပ်တာ ဖြစ်ပါတယ်”ဟု သီပေါမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါပြည်သူ့ဆေးရုံသည် ကုတင်(၁၀၀)ဆံ့ဆေးရုံဖြစ်ပြီး လက်ရှိတက်ရောက်ကုသမှုခံယူနေသည့် လူနာအရေအတွက်မှာ (၅၄)ဦးရှိကြောင်းသိရသည်။

တစ်နေ့သုံးကြိမ်အာဟာရကျွေးမွေးမှုအတွက် လူနာတစ်ဦးလျှင် ပျမ်းမျှ ကျပ်(၇၀၀)နှုန်းသတ်မှတ်ထားပြီး နံနက် (၇) နာရီတွင် ကွေကာအုပ်နှင့် ကြက်ဥပြုတ်၊ နေ့လယ်(၁၁)နာရီတွင် ကြက်သားဆန်ပြုတ်၊ ညနေ(၄)နာရီတွင် ကွေကာအုပ်နှင့် ကြက်ဥပြုတ်တို့ ကျွေးမွေးခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ (၁၈)ရက်နေ့ အာဟာရဒါနအတွက် သီပေါမြို့ရှိ နယ်စည်းမခြားပရဟိတအသင်းက လှူဒါန်းထားကြောင်းသိရပြီး လူနာများအတွက် နေ့စဉ်အာဟာရဒါနလှူဒါန်းလိုသူများအနဖြေင့် သီပေါမြို့ပြည်သူ့ဆေးရုံမှ ဆေးလူမှုဆက်ဆံရေးဌာန၏ ဌာနမှူး ဒေါ်ယဉ်ကျော့ကျော့ခိုင် ဖုန်း ဝ၉ ၉၇၃၀၀၉၂၁၀ သို့ဆက်သွယ်နိုင်သည့်အပြင် ဆေးရုံတွင်လည်း ကိုယ်တိုင်လာရောက်လှူဒါန်းမှုပြုနိုင်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ကိုမျိုး