ေနာင္ခ်ဳိၿမိဳ႕နယ္အတြင္းမွ ေဒသခံမ်ားအား TNLA က ဖမ္းဆီးေခၚေဆာင္ခံရမႈ မရိွေၾကာင္း ရဲတပ္ဖြဲ႕အတည္ျပဳ

ေနာင္ခ်ဳိၿမိဳ႕နယ္အတြင္းမွ ေဒသခံမ်ားအား TNLA က ဖမ္းဆီးေခၚေဆာင္ခံရမႈ မရိွေၾကာင္း ရဲတပ္ဖြဲ႕အတည္ျပဳ
စက်တင်ဘာ 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ ေက်းရြာတစ္ခုမွ ေဒသခံအမ်ိဳးသမီးတစ္ဦးအား TNLA က ဖမ္းဆီးေခၚယူသြားသည္ဟု သတင္းမ်ားထြက္ေပၚေနျခင္းမွာ သတင္းအမွားသာျဖစ္ၿပီး နယ္ေျမအတြင္း ေအးခ်မ္းတည္ၿငိမ္လ်ွက္ရွိေနဆဲျဖစ္ေၾကာင္း ေနာင္ခ်ိဳၿမိဳ႕မရဲတပ္ဖြဲ႔ထံမွ သိရသည္။

“စက္တင္ဘာလ (၁၈)ရက္ေန႔က ေဒသခံအမ်ိဳးသမီးတစ္ဦးကို ၿခိမ္းေျခာက္ ဖမ္းဆီးသြားတယ္ဆိုတဲ့ သတင္းက မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ၿမိဳ႕နယ္အတြင္းမွာ အဲဒီလို အျဖစ္အပ်က္မရွိထားပါဘူး။ ကၽြန္ေတာ္တို႔ဖက္မွာ အဲဒီလို လႈပ္ရွားမႈေတြ မရွိပါဘူး။ နယ္ေျမအတြင္းမွာလည္း ေအးေအးခ်မ္းခ်မ္းပဲ ရွိေနပါတယ္”ဟု ေနာင္ခ်ိဳၿမိဳ႕မရဲတပ္ဖြဲ႔မွ ရဲအုပ္သန္းထိုက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္ ကုန္းတေမာ့ေက်းရြာမွ ေဒသခံအမ်ိဳးသားတစ္ဦးအား မူးယစ္ေဆးဝါး ကိစၥႏွင့္ ပတ္သက္ေနသည္ဟု ဆိုကာ လက္နက္ကိုင္အဖြဲ႕တစ္ခုက လာေရာက္ေခၚယူရာ အဆိုပါ အမ်ိဳးသားမွာ မက်န္းမာသည့္ အတြက္​ ၎၏ ဇနီးျဖစ္သူအား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ေကာလာဟလ သတင္းမ်ား ထြက္ေပၚခဲ့ျခင္းျဖစ္သည္။

“ကြ်န္ေတာ္ကေနာင္ခ်ိဳမွာ ေနတာပါ။ စက္တင္ဘာလ(၁၈)ရက္ေန႔က အဲဒီလိုမ်ိဳး ကိစၥမၾကားမိပါဘူး။ အခုလည္း ေနာင္ခ်ိဳမွာ ေအးခ်မ္းတည္ၿငိမ္မႈရွိပါတယ္။ အဲဒီလိုဖမ္းဆီးခံရတာမ်ိဳးက မၾကားတာၾကာပါၿပီ”ဟု ေနာင္ခ်ိဳၿမိဳ႕တြင္ လက္ရွိေနထိုင္ေနသူ ကိုစုိင္းဝမ္းက ေျပာသည္။

၂၀၁၇ ခုႏွစ္ စက္တင္ဘာလအတြင္း ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ လက္နက္ကိုင္တပ္မ်ား၏ လႈပ္ရွားမႈ မရွိသေလာက္ နည္းပါးၿပီး ေအးခ်မ္းတည္ၿငိမ္မႈရွိေနဆဲျဖစ္ေၾကာင္း ေနာင္ခ်ိဳၿမိဳ႕မရဲတပ္ဖြဲ႔ထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံအမျိုးသမီးတစ်ဦးအား TNLA က ဖမ်းဆီးခေါ်ယူသွားသည်ဟု သတင်းများထွက်ပေါ်နခြေင်းမှာ သတင်းအမှားသာဖြစ်ပြီး နယ်မြေအတွင်း အေးချမ်းတည်ငြိမ်လျှက်ရှိနေဆဲဖြစ်ကြောင်း နောင်ချိုမြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

“စက်တင်ဘာလ (၁၈)ရက်နေ့က ဒေသခံအမျိုးသမီးတစ်ဦးကို ခြိမ်းခြောက် ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ ကျွန်တော်တို့မြို့နယ်အတွင်းမှာ အဲဒီလို အဖြစ်အပျက်မရှိထားပါဘူး။ ကျွန်တော်တို့ဖက်မှာ အဲဒီလို လှုပ်ရှားမှုတွေ မရှိပါဘူး။ နယ်မြေအတွင်းမှာလည်း အေးအေးချမ်းချမ်းပဲ ရှိနေပါတယ်”ဟု နောင်ချိုမြို့မရဲတပ်ဖွဲ့မှ ရဲအုပ်သန်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်ချိုမြို့နယ် ကုန်းတမော့ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါး ကိစ္စနှင့် ပတ်သက်နေသည်ဟု ဆိုကာ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ခေါ်ယူရာ အဆိုပါ အမျိုးသားမှာ မကျန်းမာသည့် အတွက်​၎င်း၏ ဇနီးဖြစ်သူအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ကနောင်ချိုမှာ နေတာပါ။ စက်တင်ဘာလ(၁၈)ရက်နေ့က အဲဒီလိုမျိုး ကိစ္စမကြားမိပါဘူး။ အခုလည်း နောင်ချိုမှာ အေးချမ်းတည်ငြိမ်မှုရှိပါတယ်။ အဲဒီလိုဖမ်းဆီးခံရတာမျိုးက မကြားတာကြာပါပြီ”ဟု နောင်ချိုမြို့တွင် လက်ရှိနေထိုင်နေသူ ကိုစိုင်းဝမ်းက ပြောသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း နောင်ချိုမြို့နယ်တွင် လက်နက်ကိုင်တပ်များ၏ လှုပ်ရှားမှု မရှိသလောက် နည်းပါးပြီး အေးချမ်းတည်ငြိမ်မှုရှိနေဆဲဖြစ်ကြောင်း နောင်ချိုမြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

သတင်း #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~