အဆိုပါ တုပ္ေကြးေရာဂါကာကြယ္ေဆးမ်ားအား လူဦးေရထူထပ္လၽွက္ရွိၿပီး ေရာဂါကူးစက္လြယ္ေသာ ေနရာမ်ား ျဖစ္သည့္ ရခိုင္ျပည္နယ္မွ ပဋိပကၡေဘးေရွာင္ျပည္သူမ်ားေနထိုင္သည့္ စခန္းမ်ားတြင္ အဓိကထိုးႏွံေပးသြားမည္ ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားခဲ့သည္။
ထိုင္းႏိုင္ငံအစိုးရ ၊ ျပည္သူလူထုႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားမွ ထိုင္းဘတ္ေငြ(၇)သိန္းခန္႔တန္ဖိုးရွိ တုပ္ေကြးေရာဂါ ကာကြယ္ေဆး (Vaxigrip) အလုံးေရ (၁၆၂၀)အား ျမန္မာႏုိင္ငံသို႔ လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။
ဓါတ္ပံု #ျပန္ၾကားေရးဝန္ႀကီးဌာန
*********
ထိုင်းနိုင်ငံမှလှူဒါန်းသည့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများအား စက်တင်ဘာလ (၁၉)ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr Jukr Boon-Long က နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။
အဆိုပါ တုပ်ကွေးရောဂါကာကွယ်ဆေးများအား လူဦးရေထူထပ်လျှက်ရှိပြီး ရောဂါကူးစက်လွယ်သော နေရာများ ဖြစ်သည့် ရခိုင်ပြည်နယ်မှ ပဋိပက္ခဘေးရှောင်ပြည်သူများနေထိုင်သည့် စခန်းများတွင် အဓိကထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအစိုးရ ၊ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ထိုင်းဘတ်ငွေ(၇)သိန်းခန့်တန်ဖိုးရှိ တုပ်ကွေးရောဂါ ကာကွယ်ဆေး (Vaxigrip) အလုံးရေ (၁၆၂၀)အား မြန်မာနိုင်ငံသို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ #ပြန်ကြားရေးဝန်ကြီးဌာန
