“သူက ေဆးသမားဗ်။ ထုိင္းက အရင္ကအမႈရိွဖူးတယ္။ ဆုိင္ကယ္ခိုးတာနဲ႔။ အဲဒါ ကၽြန္ေတာ္တုိ႔ ရပ္ကြက္အတြင္းက ဆုိင္မွာလာစားတာ ပိုက္ဆံမရွင္းဘဲ ထြက္ေျပးလို႔ လိုက္ဖမ္းၿပီး ရပ္ကြက္ရံုးမွာ ပို႔ထားၾကတာ”ဟု အဆိုပါဖမ္းဆီးမႈမ်ား ျမင္ေတြ႕သူတစ္ဦးက ေျပာသည္။
ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးရံုးမွ တာဝန္ရိွသူမ်ားက ရပ္ကြက္ရံုးသို႔ပို႔ေဆာင္လာသည့္ အဆိုပါအမ်ိဳးသားအား ထိန္းသိမ္းထားၿပီး ရဲတပ္ဖြဲ႕သို႔အေၾကာင္းၾကားကာ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရိွသူမ်ားက ည(၈)နာရီခြဲအခ်ိန္တြင္ ေျဖရွင္းေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။
***********
မြန်မာ - ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ စားသောက်ဆိုင်တစ်ဆိုင်တွင် စက်တင်ဘာလ (၁၂)ရက်နေ့ညပိုင်းက ထိုင်းနိုင်ငံသားအမျိုးသားတစ်ဦး စားသောက်ပြီး ပိုက်ဆံမရှင်းဘဲ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးပြီးအပ်နှံထားသဖြင့် တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်နေကြကြောင်း သိရသည်။
“သူက ဆေးသမားဗျ။ ထိုင်းက အရင်ကအမှုရှိဖူးတယ်။ ဆိုင်ကယ်ခိုးတာနဲ့။ အဲဒါ ကျွန်တော်တို့ ရပ်ကွက်အတွင်းက ဆိုင်မှာလာစားတာ ပိုက်ဆံမရှင်းဘဲ ထွက်ပြေးလို့ လိုက်ဖမ်းပြီး ရပ်ကွက်ရုံးမှာ ပို့ထားကြတာ”ဟု အဆိုပါဖမ်းဆီးမှုများ မြင်တွေ့သူတစ်ဦးက ပြောသည်။
ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများက ရပ်ကွက်ရုံးသို့ပို့ဆောင်လာသည့် အဆိုပါအမျိုးသားအား ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့သို့အကြောင်းကြားကာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ည(၈)နာရီခွဲအချိန်တွင် ဖြေရှင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
