ရခိုင္ျပည္နယ္အတြင္းမွ ျပည္သူမ်ားအား ကူညီေပးရန္အတြက္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ကူညီေထာက္ပံ့ေရးေကာ္မတီ(ယာယီ)အဖြဲ႕က ဦးေဆာင္၍ ေတာင္ႀကီးၿမိဳ႕တြင္ စက္တင္ဘာလ (၁)ရက္ေန႔မွ (၁၀) ရက္ေန႔အထိ အလွဴေငြမ်ား လွည့္လည္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
“အၾကမ္းဖက္ခံေနရတဲ့ ျပည္သူေတြအတြက္ ေတာင္ႀကီးကအဖြဲ႕ေတြ ေတာ္ေတာ္မ်ားမ်ား ပါဝင္ လႈပ္ရွားပါတယ္။ ဒါေတြ လုပ္ဖို႔အတြက္ အဖြဲ႕ဝင္(၁၀)ေယာက္နဲ႔ ကူညီေထာက္ပံ့ေရးေကာ္မတီ(ယာယီ)အဖြဲ႕ ဖြဲ႕ထားတယ္။ နိုင္ငံေရးသမားေတြေရာ မ်ဳိးဆက္သစ္အဖြဲ႕ေတြ ေရာ အစံုပါပါတယ္။ တျခားအဖြဲ႕ ပူးေပါင္းပါ၀င္ဖို႔ ကမ္းလွမ္းတာေတြ အမ်ားႀကီးရွိပါတယ္”ဟု တရားဥပေဒစိုးမိုးေရး ကြန္ရက္မွ ဦးေဆာင္သူ ဦး၀င္းႏိုင္စိုးက ေျပာသည္။
ေတာင္ႀကီးၿမိဳ႕ ၊ ၿမိဳ႔႕မေစ်းေရွ႕၊ ပန္းၿခံမ်ားႏွင့္ အျခားလူစည္ကားေသာေနရာမ်ားတြင္ လွည့္လည္ ေကာက္ခံသြားမည္ ျဖစ္ၿပီး ရရွိလာေသာ အလွဴေငြမ်ားကို ရွမ္းျပည္နယ္အစိုးရထံမွ တစ္ဆင့္ ရခုိင္ျပည္နယ္အစိုးရမွ ေန၍ ျပည္သူမ်ားထံ ကူညီေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း #ႏိုႏို
“အကြမ်းဖက်ခံနေရတဲ့ ပြည်သူတွေအတွက် တောင်ကြီးကအဖွဲ့တွေ တော်တော်များများ ပါဝင် လှုပ်ရှားပါတယ်။ ဒါတွေ လုပ်ဖို့အတွက် အဖွဲ့ဝင်(၁၀)ယောက်နဲ့ ကူညီထောက်ပံ့ရေးကော်မတီ(ယာယီ)အဖွဲ့ ဖွဲ့ထားတယ်။ နိုင်ငံရေးသမားတွေရော မျိုးဆက်သစ်အဖွဲ့တွေ ရော အစုံပါပါတယ်။ တခြားအဖွဲ့ ပူးပေါင်းပါဝင်ဖို့ ကမ်းလှမ်းတာတွေ အများကြီးရှိပါတယ်”ဟု တရားဥပဒေစိုးမိုးရေး ကွန်ရက်မှ ဦးဆောင်သူ ဦးဝင်းနိုင်စိုးက ပြောသည်။
တောင်ကြီးမြို့၊ မြို့မဈေးရှေ့၊ ပန်းခြံများနှင့် အခြားလူစည်ကားသောနေရာများတွင် လှည့်လည် ကောက်ခံသွားမည် ဖြစ်ပြီး ရရှိလာသော အလှူငွေများကို ရှမ်းပြည်နယ်အစိုးရထံမှ တစ်ဆင့် ရခိုင်ပြည်နယ်အစိုးရမှ နေ၍ ပြည်သူများထံ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း #နိုနို
