ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕၊ ကန္ေအာက္ရပ္ကြက္၊ ႏွင္းဆီလမ္းရွိ ေနအိမ္တစ္လံုးတြင္ တန္ေဆာင္တိုင္ မီးပံုးပ်ံပြဲအတြက္ မီးပံုးယမ္းျပဳလုပ္ရာမွ စက္တင္ဘာလ (၂)ရက္ေန႔ ေန႔လယ္(၁)နာရီတြင္ မီးေလာင္ကၽြမ္းမႈ ျဖစ္ပြားေၾကာင္း သိရသည္။
ေတာင္ႀကီးမီးအမည္ျဖင့္ မီးပံုးလႊတ္တင္မည့္အဖြဲ႕၏ ပ်ဥ္ေထာင္သြပ္မိုးေနအိမ္တြင္ မီးပံုးယမ္းျပဳလုပ္ရာ စနက္ႀကိဳးအား ကတ္ေၾကးျဖင့္ ညႇပ္ရာမွ မီးပြင့္သြားၿပီး ေနအိမ္မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕ အရန္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
“မီးေလာင္တဲ့အိမ္ကို မီးေလာင္ၿပီး ငါးမိနစ္ၾကာေတာ့ မီးသတ္ကား ေရာက္လာပါတယ္။ ဆယ္မိနစ္ အတြင္းကို မီးညြန္႔ထိန္းနိုင္ပါတယ္။ ထိခိုက္ဒဏ္ရာရတာေတြ မရွိပါဘူး။ စေလာင္တာက စနက္ႀကိဳးကို ကတ္ေၾကး နဲ႔ ညႇပ္လိုက္ေတာ့ မီးပြင့္ၿပီး ကူးစက္ေလာင္သြားတာပါ။ အေရးယူတဲ့အပိုင္းနဲ႕ မီးေလာင္ ကုန္ဆံုးမႈကိုေတာ့ မသိေသးပါဘူး။ တန္ေဆာင္တိုင္မွာလႊတ္မယ့္ ေတာင္ႀကီးမီးနာမည္နဲ႔ လုပ္တာပါ။ တျခားအိမ္ေတြေတာ့ ကူးစက္တာေတြမရွိပါဘူး” ဟု ေတာင္ႀကီးၿမိဳ႕ အရန္မီးသတ္တပ္ဖြဲ႕ ဒုတိယ တပ္ရင္းမွဴး ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မီးေလာင္မႈျဖစ္ပြားရာသို႔ ေတာင္ႀကီးၿမိဳ႕မွ မီးသတ္ယာဥ္ (၄) စီး၊ ေရႊေညာင္ၿမိဳ႕မွ မီးသတ္ယာဥ္ (၂) စီး လာေရာက္ႃငွိမ္းသတ္ခဲ့ေၾကာင္း သိရသည္။
သတင္း #ႏိုႏို
ဓာတ္ပံု #ထြန္းလြင္
တောင်ကြီးမီးအမည်ဖြင့် မီးပုံးလွှတ်တင်မည့်အဖွဲ့၏ ပျဉ်ထောင်သွပ်မိုးနေအိမ်တွင် မီးပုံးယမ်းပြုလုပ်ရာ စနက်ကြိုးအား ကတ်ကြေးဖြင့် ညှပ်ရာမှ မီးပွင့်သွားပြီး နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“မီးလောင်တဲ့အိမ်ကို မီးလောင်ပြီး ငါးမိနစ်ကြာတော့ မီးသတ်ကား ရောက်လာပါတယ်။ ဆယ်မိနစ် အတွင်းကို မီးညွန့်ထိန်းနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေ မရှိပါဘူး။ စလောင်တာက စနက်ကြိုးကို ကတ်ကြေး နဲ့ ညှပ်လိုက်တော့ မီးပွင့်ပြီး ကူးစက်လောင်သွားတာပါ။ အရေးယူတဲ့အပိုင်းနဲ့ မီးလောင် ကုန်ဆုံးမှုကိုတော့ မသိသေးပါဘူး။ တန်ဆောင်တိုင်မှာလွှတ်မယ့် တောင်ကြီးမီးနာမည်နဲ့ လုပ်တာပါ။ တခြားအိမ်တွေတော့ ကူးစက်တာတွေမရှိပါဘူး” ဟု တောင်ကြီးမြို့ အရန်မီးသတ်တပ်ဖွဲ့ ဒုတိယ တပ်ရင်းမှူး ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မီးလောင်မှုဖြစ်ပွားရာသို့ တောင်ကြီးမြို့မှ မီးသတ်ယာဉ် (၄) စီး၊ ရွှေညောင်မြို့မှ မီးသတ်ယာဉ် (၂) စီး လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
သတင်း #နိုနို
ဓာတ်ပုံ #ထွန်းလွင်
