ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ုကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားများနေသည့် အချိန်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပနေသည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ရောက်နေသည့် ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူက ကုလအထွေထွေ ညီလာခံ၌မိန့်ခွန်း ပြောကြားမည့် တစ်ရက်အလိုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်း၊ ပြည်တွင်း၊ ပြည်ပမီဒီယာများအား ဖိတ်ကြားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြေပြ မိန့်ခွန်းတစ်ရပ်အား ပြောကြားခဲ့ခြင်းဖြစ်သည်။
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် စက်တင်ဘာ (၁၉) ရက် နံနက် (၁၀) နာရီတွင် နေပြည်တော်၌ ပြောကြားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်မှုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် အပါအဝင် ဒေသခံအချို့ ကြည့်ရှုနားထောင်ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ုကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားများနေသည့် အချိန်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပနေသည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ရောက်နေသည့် ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူက ကုလအထွေထွေ ညီလာခံ၌မိန့်ခွန်း ပြောကြားမည့် တစ်ရက်အလိုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ နိုင်ငံတကာ သံတမန်အသိုုင်းအဝိုင်း၊ ပြည်တွင်း၊ ပြည်ပမီဒီယာများအား ဖိတ်ကြားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြေပြ မိန့်ခွန်းတစ်ရပ်အား ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းအား မြို့ကြီးအသီးသီးရှိ လူစည်ကားရာနေရာများတွင် LED ဘုတ်များဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအား အများပြည်သူကြည့်ရှုနိုင်ရန် အရပ်ဘက်အဖွဲ့ အစည်းအချို့က စီစဉ်ခဲ့ကြပြီး မိန့်ခွန်းအား အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခြင်းအပေါ် ဝေဖန်သူအချို့လည်း ရှိခဲ့သည်ကို တွေ့ရသည်။
တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် နိုင်ငံတော်အခြေပြမိန့်ခွန်းလာရောက်နားထောင်သူများအား ဗယ်လင်တိုင်းကဖေးနှင့် အအေး (စားသောက်ဆိုင်)က လက်ဖက်ရည်နှင့် မုန့်ကျွေးမွေးဧည့်ခံခဲ့သည်။
