ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာရှိ ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာတွင် ဒေသခံတောင်သူများအား စိုက်ပျိုးရေးပစ္စည်းများကို စက်တင်ဘာလ (၂၈)ရက်နေ့က ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာဧက (၃၀၀)ရှိ တောင်သူများအား ပုလဲဓာတ်မြေသြဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့၊ ကြွက်သတ်ဆေးနှင့် အပင်အားတိုးဆေးများကို လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်က အကောင်အထည်ဖော်နေသည့် စိုက်ပျိုးရေးဆိုင်ရာများနှင့် သီးနှံဈေးကွက်အကြောင်း ရှင်းလင်းခြင်း၊ တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက မြေသြဇာအသုံးပြုနည်း၊ ကြွက်အန္တရာယ် ကြိုတင်ကာကွယ်နည်း၊ သဘာဝပိုးသတ်ဆေးဖော်စပ်နည်း၊ မြေဆွေးပြုလုပ်နည်းနှင့် ဟင်းသီးဟင်းရွက် တစ်နိုင်တစ်ပိုင်တွဲဖက်စိုက်ပျိုးရေးတို့ကို ရှင်းလင်းပြသကြောင်းသိရသည်။
ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာဧက (၃၀၀)ရှိ တောင်သူများအား ပုလဲဓာတ်မြသြေဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့၊ ကြွက်သတ်ဆေးနှင့် အပင်အားတိုးဆေးများကို လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်က အကောင်အထည်ဖော်နေသည့် စိုက်ပျိုးရေးဆိုင်ရာများနှင့် သီးနှံဈေးကွက်အကြောင်း ရှင်းလင်းခြင်း၊ တာချီလိတ်ခရို်င်စိုက်ပျိုးရေးဦးစီးဌာနက မြသြေဇာအသုံးပြုနည်း၊ ကြွက်အန္တရာယ် ကြိုတင်ကာကွယ်နည်း၊ သဘာဝပိုးသတ်ဆေးဖော်စပ်နည်း၊ မြေဆွေးပြုလုပ်နည်းနှင့် ဟင်းသီးဟင်းရွက် တစ်နိုင်တစ်ပိုင်တွဲဖက်စိုက်ပျိုးရေးတို့ကို ရှင်းလင်းပြသကြောင်းသိရသည်။
တောင်သူများအား စိုက်ပျိုးနည်းပညာများကို ဗမာ၊ ရှမ်း၊ လားဟူနှင့် အာခါဘာသာများဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ဌေး၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မြဥမ္မာနှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြကြောင်း သိရသည်။
