မုိင္းျဖတ္ၿမိဳ႕ နားမြန္းရြာအတြက္ ျပည္သူအခ်ိဳးက်ထည့္ဝင္စနစ္ျဖင့္ ဆိုလာမီးတပ္ဆင္ရန္ပစၥည္းမ်ားပံ့ပိုး

မုိင္းျဖတ္ၿမိဳ႕ နားမြန္းရြာအတြက္ ျပည္သူအခ်ိဳးက်ထည့္ဝင္စနစ္ျဖင့္ ဆိုလာမီးတပ္ဆင္ရန္ပစၥည္းမ်ားပံ့ပိုး
စက်တင်ဘာ 18, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ ဝမ္လံုးေက်းရြာအုပ္စု၊ နားမြန္းေက်းရြာတြင္ အမ်ိဳးသားလွ်ပ္စစ္ဓါတ္အားရရိွေရးစီမံကိန္းက ျပည္သူအခ်ိဳးက်ထည့္ဝင္မႈစနစ္ျဖင့္ ဆိုလာမီးတပ္ဆင္ရန္ ပစၥည္းမ်ားကို စက္တင္ဘာလ (၁၈)ရက္ေန႔က ေက်းရြာလူထုထံ ေပးအပ္လုိက္ေၾကာင္း သိရသည္။

“ေက်းရြာေတြမွာ မီးလင္းေရးအတြက္ အမ်ဳိးသားလွ်ပ္စစ္ဓါတ္အားရရွိေရးစီမံကိန္း(NEP)ကို ကြ်န္ေတာ္တို႔ ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနနဲ႔ ကမၻာ့ဘဏ္တို႔ ပူးေပါင္းၿပီး ျပည္သူေတြ အခ်ဳိးက်ထည့္ဝင္ေငြနဲ႔ ေဆာင္ရြက္တဲ့ စီမံကိန္းျဖစ္ပါတယ္” ဟု ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာန  မိုင္းျဖတ္ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းေအာင္ခမ္းက အဆိုပါစီမံကိန္းအေၾကာင္း ရွင္းလင္းသည္။

အဆိုပါစီမံကိန္းျဖင့္ ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္အတြင္း မိုင္းျဖတ္ၿမိဳ႕နယ္ရိွ ေက်းရြာ(၁၀)ရြာတြင္ ဆိုလာျပား (၃၀)ဝပ္ (၅၆)စံု၊ (၄၅)ဝပ္ (၂၆)စံုႏွင့္ (၆၀)ဝပ္ (၂၁၂)စံုတို႔အား ပံ့ပိုးေပးရာတြင္ ျပည္သူအခ်ဳိးက် ထည့္ဝင္ေငြအျဖစ္ (၃၀)ဝပ္ တစ္စံုလ်ွင္ က်ပ္သံုးေသာင္း၊ (၄၅)ဝပ္တစ္စံုလ်ွင္ က်ပ္ငါးေသာင္းႏွင့္ (၆၀)ဝပ္ တစ္စံုလ်ွင္ က်ပ္ ခုနစ္ေသာင္း ထည့္ဝင္ေစေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာေက်ာင္းမ်ားအတြက္(၄)စံု၊ က်န္းမာေရးဌာနအတြက္(၁)စံု၊ ဘာသာေရးအေဆာက္အဦးမ်ားအတြက္(၁၂)စံုႏွင့္ ေက်းရြာ(၁၀)ရြာအတြက္ လမ္းမီးတိုင္ (၅၀)တို႔အား စီမံကိန္းမွ အခမဲ့ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ နားမြန္းရြာအတြက္ ဆိုလာမီးနဲ႔ မီးတိုင္ေတြထုတ္ေပးတဲ့အတြက္ အရမ္းေက်းဇူးတင္ပါတယ္။ အရင္က မီးမရွိတဲ့အတြက္ ဖေယာင္းတိုင္မီးနဲ႔ ကေလးေတြစာက်က္ရတာ အရမ္းအႏၲရာယ္မ်ားပါတယ္။ အခု ဆိုလာမီးရေတာ့ အရမ္းေက်းဇူးတင္ပါတယ္”ဟု နားမြန္ေက်းရြာ ရပ္/ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ ဦးေက်ာ္ေဆြက ေျပာသည္။

ဆိုလာပစၥည္းမ်ား ေက်းရြာလူထုထံေပးအပ္သည့္အခမ္းအနားသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအားကို၊ မုိင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလိႈင္ႏွင့္ မုိင္းျဖတ္ၿမိဳ႕နယ္တြင္း ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာမွ တာဝန္ရိွသူမ်ား တက္ေရာက္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့ နားမွန်းရွာအတွက် ပြည်သူအချိုးကျထည့်ဝင်စနစ်ဖြင့် ဆိုလာမီးတပ်ဆင်ရန်ပစ္စည်းများပံ့ပိုး
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်းက ပြည်သူအချိုးကျထည့်ဝင်မှုစနစ်ဖြင့် ဆိုလာမီးတပ်ဆင်ရန် ပစ္စည်းများကို စက်တင်ဘာလ (၁၈)ရက်နေ့က ကျေးရွာလူထုထံ ပေးအပ်လိုက်ကြောင်း သိရသည်။

“ကျေးရွာတွေမှာ မီးလင်းရေးအတွက် အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(NEP)ကို ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး ပြည်သူတွေ အချိုးကျထည့်ဝင်ငွေနဲ့ ဆောင်ရွက်တဲ့ စီမံကိန်းဖြစ်ပါတယ်” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မိုင်းဖြတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ခမ်းက အဆိုပါစီမံကိန်းအကြောင်း ရှင်းလင်းသည်။

အဆိုပါစီမံကိန်းဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း မိုင်းဖြတ်မြို့နယ်ရှိ ကျေးရွာ(၁၀)ရွာတွင် ဆိုလာပြား (၃၀)ဝပ် (၅၆)စုံ၊ (၄၅)ဝပ် (၂၆)စုံနှင့် (၆၀)ဝပ် (၂၁၂)စုံတို့အား ပံ့ပိုးပေးရာတွင် ပြည်သူအချိုးကျ ထည့်ဝင်ငွေအဖြစ် (၃၀)ဝပ် တစ်စုံလျှင် ကျပ်သုံးသောင်း၊ (၄၅)ဝပ်တစ်စုံလျှင် ကျပ်ငါးသောင်းနှင့် (၆၀)ဝပ် တစ်စုံလျှင် ကျပ် ခုနစ်သောင်း ထည့်ဝင်စေကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက်(၄)စုံ၊ ကျန်းမာရေးဌာနအတွက်(၁)စုံ၊ ဘာသာရေးအဆောက်အဦးများအတွက်(၁၂)စုံနှင့် ကျေးရွာ(၁၀)ရွာအတွက် လမ်းမီးတိုင် (၅၀)တို့အား စီမံကိန်းမှ အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ နားမွန်းရွာအတွက် ဆိုလာမီးနဲ့ မီးတိုင်တွေထုတ်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အရင်က မီးမရှိတဲ့အတွက် ဖယောင်းတိုင်မီးနဲ့ ကလေးတွေစာကျက်ရတာ အရမ်းအန္တရာယ်များပါတယ်။ အခု ဆိုလာမီးရတော့ အရမ်းကျေးဇူးတင်ပါတယ်”ဟု နားမွန်ကျေးရွာ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ဆွေက ပြောသည်။

ဆိုလာပစ္စည်းများ ကျေးရွာလူထုထံပေးအပ်သည့်အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် မိုင်းဖြတ်မြို့နယ်တွင်း ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~