အဆိုပါ အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွား (၉)ဦးမှာ ဈေးတန်းရပ်ကွက်မှ(၃)ဦး၊ ဝမ်မိုင်ရပ်ကွက်မှ(၁)ဦး ဝမ်လုံးအုပ်စုမှ(၃)ဦး၊ နမ့်ကုန်းအုပ်စုမှ(၁)ဦးနှင့် ဆီမွန်းအုပ်စုမှ(၁)ဦးဖြစ်ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် ဈေးတန်းရပ်ကွက်မှ(၃)ဦးအား အိမ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း #ကိုသာ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်မှ လူမှုရေးပင်စင်ခံစားခွင့်ရသည့် ဘိုးဘွား (၉)ဦးအား စက်တင်ဘာလ (၁၅)ရက်နေ့က ၂၀၁၇ ခုနှစ် ဒုတိယသုံးလပတ် ထောက်ပံ့ငွေပေးအပ်ကို လူမှုဝန်ထမ်းဦးစီးဌာနက ပေးအပ်လိုက်ကြောင်း သိရသည်။
“မိုင်းဖြတ်မြို့နယ်မှာက စုစုပေါင်းက လူဦးရေ သုံးသောင်းကျော်လောက်ပဲရှိပါတယ်။ ဘိုးဘွားတွေ အမှန်စာရင်းက ဒီထက်မကများနိုင်ပေမဲ့ စာရင်းလာမပေးတဲ့ရွာတွေလည်း ရှိကြတယ်”ဟု အဆိုပါပွဲသို့ တက်ရောက်လာသည့် မိုင်းဖြတ်မြို့မှဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွား (၉)ဦးမှာ စျေးတန်းရပ်ကွက်မှ(၃)ဦး၊ ဝမ်မိုင်ရပ်ကွက်မှ(၁)ဦး ဝမ်လုံးအုပ်စုမှ(၃)ဦး၊ နမ့်ကုန်းအုပ်စုမှ(၁)ဦးနှင့် ဆီမွန်းအုပ်စုမှ(၁)ဦးဖြစ်ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် စျေးတန်းရပ်ကွက်မှ(၃)ဦးအား အိမ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း #ကိုသာ
ဓါတ်ပုံ # သန်းထွန်းအေး(ပြန်/ဆက်)
