“ကုန္စည္ျပပြဲမွာက ေဒသထြက္ကုန္အျပင္ တျခားျပည္နယ္ကထြက္ကုန္ေတြလည္း အစံုပါဝင္မွာျဖစ္ပါတယ္။ ျပည္သူေတြလည္း လာေရာက္ၿပီး ေလ့လာဝယ္ယူေစခ်င္ပါတယ္။ ျပည္နယ္နဲ႔ တိုင္းက အေသးစားလုပ္ငန္း လုပ္ကိုင္ေနတဲ့ ေဒသထြက္ကုန္ေတြလည္း ပါတယ္။ ရွမ္းျပည္နယ္အတြင္းက ေဒသထြက္ကုန္နဲ႕ အျခားတိုင္း/ ျပည္နယ္ေတြက ဘယ္လိုရွိတယ္ဆိုတာေတြကို ဆက္စပ္ေဆာင္ရြက္လို႔ရေအာင္ ထုတ္ကုန္ေတြ တိုးတက္ေအာင္ ရည္ရြယ္ၿပီး က်င္းပတာျဖစ္ပါတယ္” ဟု ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈ လုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္နိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါျပပြဲတြင္ တိုင္းနွင့္ ျပည္နယ္အသီးသီးမွ ေဒသထြက္ကုန္မ်ားႏွင့္ လက္မႈထုတ္ကုန္မ်ားကို ဆိုင္ခန္းေပါင္း (၁၀၀) ေက်ာ္ျဖင့္ ျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါျပခန္းမ်ားတြင္ လူသံုးကုန္၊ အလွကုန္၊ စားေသာက္ကုန္၊ လက္မႈထည္မ်ားလည္း ပါဝင္ျပသသြားမည္ ျဖစ္ေၾကာင္း သိရၿပီး ဌာနအေနျဖင့္ ရွမ္းျပည္နယ္အတြင္း ပထမဆံုးအႀကိမ္က်င္းပျခင္းျဖစ္ကာ ရန္ကုန္ႏွင့္ မႏၱေလးတို႔တြင္ က်င္းပခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
သတင္း #ႏိုႏို
*********
ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ပထမအကြိမ် အသေးစားစက်မှုလက်မှု ထုတ်ကုန်ပစ္စည်းပြပွဲနှင့် စျေးရောင်းပွဲတော်ကို တောင်ကြီးမြို့ ကျောက်တိုင်ကွင်းတွင် အောက်တိုဘာလ (၁၃ ) ရက်နေ့မှ(၁၅) ရက်နေ့ အထိ (၃ ) ရက်တာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ကုန်စည်ပြပွဲမှာက ဒေသထွက်ကုန်အပြင် တခြားပြည်နယ်ကထွက်ကုန်တွေလည်း အစုံပါဝင်မှာဖြစ်ပါတယ်။ ပြည်သူတွေလည်း လာရောက်ပြီး လေ့လာဝယ်ယူစေချင်ပါတယ်။ ပြည်နယ်နဲ့ တိုင်းက အသေးစားလုပ်ငန်း လုပ်ကိုင်နေတဲ့ ဒေသထွက်ကုန်တွေလည်း ပါတယ်။ ရှမ်းပြည်နယ်အတွင်းက ဒေသထွက်ကုန်နဲ့ အခြားတိုင်း/ ပြည်နယ်တွေက ဘယ်လိုရှိတယ်ဆိုတာတွေကို ဆက်စပ်ဆောင်ရွက်လို့ရအောင် ထုတ်ကုန်တွေ တိုးတက်အောင် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါပြပွဲတွင် တိုင်းနှင့် ပြည်နယ်အသီးသီးမှ ဒေသထွက်ကုန်များနှင့် လက်မှုထုတ်ကုန်များကို ဆိုင်ခန်းပေါင်း (၁၀၀) ကျော်ဖြင့် ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြခန်းများတွင် လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်၊ လက်မှုထည်များလည်း ပါဝင်ပြသသွားမည် ဖြစ်ကြောင်း သိရပြီး ဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်း ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ကာ ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်း #နိုနို
