ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ယန်းစစ်ဆေးရေးစခန်းတွင် စက်တင်ဘာလ (၁)ရက်နေ့က တာချီလိတ်ဘက်သို့ လာသည့် ကားအား စစ်ဆေးရှာဖွေရာမှ အိုက်စ် (၃)ကီလိုအား ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နေ့လယ် (၁၂)နာရီခွဲဝန်းကျင်အချိန်က စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ အိုက်ရီ မောင်းနှင်လာသည့် ကားအား ရပ်တန့်စစ်ဆေး ရှာဖွေရာ မော်တော်ယာဉ်နောက်ခန်းအတွင်း၌ လက်ဆွဲအိတ်ဖြင့် ထည့်ထားပြီး တိတ်ဖြင့် ပတ်ထားသည့် အိုက်စ်(၃)ကီလိုအား ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ထံက သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အသက်(၃၃)နှစ်ရှိ အိုက်ရီအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၉/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူထားကြောင်း သိရှိရသည်။
