Miss Universe Myanmar 2018 ၏ ပြိုင်ပွဲဝင် Miss အယောက် (၃၀)မှ စကာတင် (၁၃)ယောက်ကို စက်တင်ဘာလ (၃၀)ရက်နေ့က ရွေးချယ်လိုက်ရာ တာချီလိတ်မှ နန်းမွေဖောင်းလုံ ပါဝင်ကြောင်း သိရသည်။
စကာတင်ရွေးချယ်ခံရသည့် Miss (၁၃)ဦးမှာ မကွေးတိုင်းဒေသကြီး မင်းဘူးမှ အိမ့်သက်မှူး၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်မှ ထွန်းအိန္ဒြာရှင်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မှ သြဂုတ်မိုး၊ ရခိုင်ပြည်နယ် စစ်တွေမှ ကေခိုင်၊ ကရင်ပြည်နယ် မြဝတီမှ နန်းထက်ထက်လင်း၊ ကယားပြည်နယ် လွိုင်ကော်မှ ခင်မြတ်မြတ်သူ၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ တောင်ပိုင်းခရိုင်မှ ခိုင်ကြည်ပြာ၊ နေပြည်တော်မှ ဆုမြတ်ဖူး၊ ကရင်ပြည်နယ် ဘားအံမှ မြင့်မိုရ်မေ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မှ နန်းမွေဖောင်းလုံ၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမှ နှင်းသွေးယုအောင်၊ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မှ ဆူးရိုနှိုင်းနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမှ ရို့စလင်းတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအား ဆက်လက်ကျင်းပြုလုပ်နေလျက်ရှိသည်။
ဓာတ်ပုံ - Miss Universe Myanmar
