ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေရသည့် ဒေသခံများအား ကူညီရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ အလှူရှင်တစ်စုက စက်တင်ဘာလ (၃)ရက်နေ့တွင် ဘူးသီးတောင်သို့ သွားမည်ဖြစ်၍ လိုက်ပါလှူဒါန်းလိုသူများ ဆက်သွယ်နိုင်ကြောင်း သိရသည်။
“လက်ရှိတော့ ကျွန်တော်တို့ (၄)ယောက်ရှိပါတယ်။ မိတ်ဆွေတွေ စုပေါင်းလှူဒါန်းတဲ့ ကျပ်သိန်း (၅၀)နဲ့ ဟိုမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ အခြေအနေကိုကြည့်ပြီး တကယ်လိုအပ်တဲ့နေရာတွေ လှူမှာပါ။ တာချီလိတ်မှာ ကော်မတီဖွဲ့ပြီး အလှူခံကောက်ပြီး ပြည်နယ်အစိုးရကနေတစ်ဆင့် လှူနေတာလည်း ရှိပါတယ်။ ကျွန်တော်တို့က ဟိုက အခြေအနေတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျသွားကြည့်ပြီး ဘယ်နေရာတွေမှာ တကယ်လိုအပ်နေတယ်ဆိုတာ ပြန်မျှဝေပေးဖို့ပါ”ဟု ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရန် စီစဉ်နေသည့် ဦးမောင်တင်မြင့်က ပြောသည်။
အဆိုပါ အဖွဲ့ဖြင့် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်သို့ လိုက်ပါလှူဒါန်းလိုသူများ ဦးမောင်တင်မြင့် (မြန်မာဖုန်း) ဝ၉ ၂၆၅၂၃၃၁၄၁ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
