ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၏ ရခိုင္ျပည္နယ္အတြက္ ကူညီေထာက္ပံ့ေရးေကာ္မတီမွ အလွဴခံဌာန စတင္ဖြင့္လွစ္သည့္ ၾသဂုတ္လ(၂၈)ရက္ေန႔မွစ၍ စက္တင္ဘာလ(၁)ရက္ေန႔အထိ စုေပါင္း မတည္အလွဴေငြႏွင့္ ေစတနာရွင္မ်ား၏ လာေရာက္လွဴဒါန္းေငြ စုစုေပါင္းက်ပ္သိန္း(၂၈၀)၀န္းက်င္ ရရွိထားၿပီ ျဖစ္ေၾကာင္း သိရသည္။
"ဒီေန႔ ေမာင္ေတာေဒသက တိုင္းရင္းသားျပည္သူမ်ားအတြက္ ေငြက်ပ္ (၁၀၂)သိန္းဖိုးတန္ဖိုးရွိတဲ့ ဆန္အိတ္(၄၀၀)၊ ဆီဖာ (၁၅၀)အတြက္ က်သင့္ေငြကို ဘဏ္ကေန လႊဲေပးလိုက္ပါတယ္၊ ဒီအႀကိမ္ေရာ ဆိုရင္ ကြ်န္ေတာ္တို႔ ေပးပို႔လွဴဒါန္းတာ က်ပ္(၂၀၂)သိန္းရွိသြားပါၿပီ"ဟု တာခ်ီလိတ္ၿမိဳ႕၏ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရး ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔ တုိက္ခုိက္ခံေနရသည့္ ရခုိင္ျပည္နယ္အတြင္းမွ ေဒသခံျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအား ေထာက္ပံ့ေပးႏိုင္ရန္အတြက္ အဆိုပါေကာ္မတီအား ၾသဂုတ္လ (၂၇)ရက္ေန႔က ဖြဲ႕စည္းလိုက္ၿပီး ၾသဂုတ္လ (၂၈)ရက္ေန႔က စတင္ကာ နံနက္ (၈)နာရီမွ ညေန(၅)နာရီအထိ ေန႔စဥ္ တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္တြင္ အလွဴခံဌာနဖြင့္လွစ္ထားျခင္း ျဖစ္သည္။
တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္၌ ဖြင့္လွစ္ထားရွိသည့္ အလွဴခံဌာနသို႔ ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၁)ရက္ေန႔က အလွဴရွင္ (၄၅)ဦးမွ လာေရာက္ လွဴဒါန္းလာရာတြင္ က်ပ္ေငြ (၂,၅၁၃,၅၀၀) ႏွင့္ ထိုင္းဘတ္ေငြ (၄၉၄၀)ဘတ္ ရရွိေၾကာင္း သိရသည္။
အလွဴခံဌာန၏ ေနာက္ဆံုး သတ္မွတ္ရက္အား လတ္တေလာတြင္ သတ္မွတ္ထားျခင္းမရိွေသးဘဲ အလွဴေငြမ်ား လက္ခံေနလ်က္ရွိၿပီး ဗယ္လင္တိုင္း ကေဖးႏွင့္အေအး(စားေသာက္ဆိုင္)ကလည္း အလွဴခံသည့္ကာလအတြင္း ေကာ္မတီဝင္မ်ားႏွင့္ လာေရာက္လွဴဒါန္းသူမ်ားကို ဧည့္ခံ ေကြ်းေမြးမႈမ်ား ျဖင့္လည္း ဒါနျပဳထားေၾကာင္း သိရသည္။
"ဒီနေ့ မောင်တောဒေသက တိုင်းရင်းသားပြည်သူများအတွက် ငွေကျပ် (၁၀၂)သိန်းဖိုးတန်ဖိုးရှိတဲ့ ဆန်အိတ်(၄၀၀)၊ ဆီဖာ (၁၅၀)အတွက် ကျသင့်ငွေကို ဘဏ်ကနေ လွှဲပေးလိုက်ပါတယ်၊ ဒီအကြိမ်ရော ဆိုရင် ကျွန်တော်တို့ ပေးပို့လှူဒါန်းတာ ကျပ်(၂၀၂)သိန်းရှိသွားပါပြီ"ဟု တာချီလိတ်မြို့၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် အဆိုပါကော်မတီအား သြဂုတ်လ (၂၇)ရက်နေ့က ဖွဲ့စည်းလိုက်ပြီး သြဂုတ်လ (၂၈)ရက်နေ့က စတင်ကာ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ နေ့စဉ် တာချီလိတ်မြို့ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်တွင် အလှူခံဌာနဖွင့်လှစ်ထားခြင်း ဖြစ်သည်။
တာချီလိတ်မြို့ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်၌ ဖွင့်လှစ်ထားရှိသည့် အလှူခံဌာနသို့ ၂၀၁၇ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့က အလှူရှင် (၄၅)ဦးမှ လာရောက် လှူဒါန်းလာရာတွင် ကျပ်ငွေ (၂,၅၁၃,၅၀၀) နှင့် ထိုင်းဘတ်ငွေ (၄၉၄၀)ဘတ် ရရှိကြောင်း သိရသည်။
အလှူခံဌာန၏ နောက်ဆုံး သတ်မှတ်ရက်အား လတ်တလောတွင် သတ်မှတ်ထားခြင်းမရှိသေးဘဲ အလှူငွေများ လက်ခံနေလျက်ရှိပြီး ဗယ်လင်တိုင်း ကဖေးနှင့်အအေး(စားသောက်ဆိုင်)ကလည်း အလှူခံသည့်ကာလအတွင်း ကော်မတီဝင်များနှင့် လာရောက်လှူဒါန်းသူများကို ဧည့်ခံ ကျွေးမွေးမှုများ ဖြင့်လည်း ဒါနပြုထားကြောင်း သိရသည်။