“မိုးအဆက္မျပတ္ရြာၿပီး ေတာင္က်ေရတိုက္စားတာေၾကာင့္ ၿမိဳ႕အ၀င္ လမ္းမႀကီးေရာက္ဖို႔ နည္းနည္းပဲလို ေတာ့တယ္။ ေနာက္ထပ္မိုးရြာရင္ လမ္းမႀကီးေရတိုက္စားသြားမွာ စိုးရိမ္ရတယ္”ဟု ေဒသခံ ဦးျမင့္ေမာင္ေမာင္က ေျပာသည္။
စက္တင္ဘာလ (၁၆) ရက္ ေန႔လယ္မွ စက္တင္ဘာလ (၁၇) ရက္ နံနက္ (၃) နာရီထိ မိုးရြာသြန္းၿပီးေနာက္ ေတာင္က်ေရေၾကာင့္ ၿမိဳ႕ေပၚရပ္ကြက္မ်ား ေသာက္သုံးေရႏွင့္ စိုက္ပ်ဳိးေရအတြက္ အသုံးျပဳလ်က္ရိွေသာ လယ္ၾကားေခ်ာင္းမ်ားတြင္ ေရႀကီးေရလွ်ံျဖစ္သြားၿပီး ေတာင္သူ( ၉ )ဦး စပါးစိုက္ပ်ဳိး ထားေသာ လယ္ေျမ( ၅ )ဧကႏွင့္ ေျပာင္း၊ႏွမ္း၊ေျမပဲစိုက္ပ်ဳိးထားေသာ ယာေျမ ( ၁ ဒႆမ ၆ )ဧက၊ ၿမိဳ႕အ၀င္ယာယီ ဂိတ္တဲ(၂)လုံး၊ စိုက္ပ်ဳိး႐ုံးေဆာက္လုပ္ရန္ သတ္မွတ္ထားေသာေျမ(၀ ဒႆမ ၃၅) ဧက ေရတိုက္စား ပ်က္စီးဆုံး႐ႈံး ခဲ့သည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း ဌာနဆိုင္ရာတာ၀န္ရိွသူမ်ားႏွင့္ၿမိဳ႕မိၿမိဳ႕ဖမ်ားအဖြဲ႕ထံမွ သိရသည္။
သတင္း၊ဓါတ္ပံု #သန္းေဇာ္ဦး
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မုံးထမြို့တွင် နှစ်ရက်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် တောင်ကျရေကြောင့် ရေကြီးရေလျှံဖြစ်ကာ တောင်သူ(၉)ဦး၏ စိုက်ခင်း (၆)ဧကကျော်အပါအဝင် ပျက်စီးဆုံးရှုံးမှု အခြေအနေကို တာဝန်ရှိသူများက စက်တင်ဘာလ (၁၉)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။
“မိုးအဆက်မပြတ်ရွာပြီး တောင်ကျရေတိုက်စားတာကြောင့် မြို့အဝင် လမ်းမကြီးရောက်ဖို့ နည်းနည်းပဲလို တော့တယ်။ နောက်ထပ်မိုးရွာရင် လမ်းမကြီးရေတိုက်စားသွားမှာ စိုးရိမ်ရတယ်”ဟု ဒေသခံ ဦးမြင့်မောင်မောင်က ပြောသည်။
စက်တင်ဘာလ (၁၆) ရက် နေ့လယ်မှ စက်တင်ဘာလ (၁၇) ရက် နံနက် (၃) နာရီထိ မိုးရွာသွန်းပြီးနောက် တောင်ကျရေကြောင့် မြို့ပေါ်ရပ်ကွက်များ သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် အသုံးပြုလျက်ရှိသော လယ်ကြားချောင်းများတွင် ရေကြီးရေလျှံဖြစ်သွားပြီး တောင်သူ( ၉ )ဦး စပါးစိုက်ပျိုး ထားသော လယ်မြေ( ၅ )ဧကနှင့် ပြောင်း၊နှမ်း၊မြေပဲစိုက်ပျိုးထားသော ယာမြေ ( ၁ ဒဿမ ၆ )ဧက၊ မြို့အဝင်ယာယီ ဂိတ်တဲ(၂)လုံး၊ စိုက်ပျိုးရုံးဆောက်လုပ်ရန် သတ်မှတ်ထားသောမြေ(၀ ဒဿမ ၃၅) ဧက ရေတိုက်စား ပျက်စီးဆုံးရှုံး ခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်မြို့မိမြို့ဖများအဖွဲ့ထံမှ သိရသည်။
သတင်း၊ဓါတ်ပုံ #သန်းဇော်ဦး
