ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်ခန်းတစ်ခုမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၁၂၀)ပြားအား စက်တင်ဘာ (၂) ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော် ရပ်ကွက်တွင် မြဇာနည်အောင်ဆိုသူ ငှါးရမ်းနေထိုင်သည့် နေအိမ်ခန်းအား ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား (၃၁၂၀) ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၃၃)နှစ်ရှိ မြဇာနည်အောင်(ခ) ဂျူးဂျူးအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
