ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း ၂၀၁၇ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့ ညပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းဖြတ် - တာလေသွားလမ်း မိုင်ဖြတ်မြို့နယ် အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှ တံတားတစ်စင်း ကျွံကျမှု ဖြစ်ပွားခဲ့ရာ စက်တင်ဘာလ(၂)ရက်နေ့ နေ့လယ်ပိုင်းလောက်မှသာ ယာဉ်ကြီးများ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မိုင်းဖြတ်မြို့ ပြည်သူ့ဆောက်လုပ်ရေး လမ်းဦးစီးဌာန (မြို့ပြ) မှ ဦးစီးအရာရှိ ဦးတင်မိုး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆိုပါ တံတားအား ပြုပြင်မှုကို စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက စ၍ ပြုလုပ်နေပြီး၊ စက်တင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းတွင်လည်း အမြန်ဆုံး ပြီးမြောက်ကာ ကားကြီးများ သွားလာနိုင်ရန်အတွက် ဆောင်ရွက်နေလျက်ရှိသည့်အတွက် နေ့လယ်(၁)နာရီနောက်ပိုင်းတွင် ၎င်းတံတားပေါ်မှ ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - #ကိုသာ
" လောလောဆယ် ပြည်ထောင်စုလမ်းမကြီးကနေ သွားလို့ မရသေးပါဘူး၊ ဒီနေ့(စက်တင်ဘာ ၂ )နေ့လယ်(၁)နာရီနောက်ပိုင်းမှ ကုန်ကားတွေ ဖြတ်သန်းလို့ ရမှာပါ"ဟု မိုင်းဖြတ်မြို့ ပြည်သူ့ဆောက်လုပ်ရေး လမ်းဦးစီးဌာန (မြို့ပြ) မှ ဦးစီးအရာရှိ ဦးတင်မိုးက ဆိုသည်။
လတ်တလောတွင် ခရီးသည်တင် ယာဉ်ငယ်များနှင့် (၆)ဘီးယာဉ်များမှာ ပါပူးကျေးရွာ - ဝမ်မိုင်လမ်းမှ တဆင့် သွားလာ၍ ရကြောင်း သိရသည်။
မိုင်းဖြတ်မြို့ ပြည်သူ့ဆောက်လုပ်ရေး လမ်းဦးစီးဌာန (မြို့ပြ) မှ ဦးစီးအရာရှိ ဦးတင်မိုး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆိုပါ တံတားအား ပြုပြင်မှုကို စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက စ၍ ပြုလုပ်နပြေီး၊ စက်တင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းတွင်လည်း အမြန်ဆုံး ပြီးမြောက်ကာ ကားကြီးများ သွားလာနိုင်ရန်အတွက် ဆောင်ရွက်နေလျက်ရှိသည့်အတွက် နေ့လယ်(၁)နာရီနောက်ပိုင်းတွင်၎င်းတံတားပေါ်မှ ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - #ကိုသာ
