သတင်း၊ဓါတ်ပုံ #ကိုသာ
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့၊ ကွက်သစ်ရပ်ကွက်ရှိ စိတ္တသုခကျောင်းတိုက်တွင် စတုတ္ထအကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဝင်္ကဘာ ဘုရားမီးထွန်းပွဲတော်ကို အောက်တိုဘာလ (၁)ရက်နေ့မှစ၍ ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"အများပြည်သူတွေ ကုသိုလ်ရရှိနိုင်အောင် ပွင့်တော်မူပြီးကုန်သော နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ရဲ့ ဂုဏ်တော်တွေကို အာရုဏ်ပြု၍ ယခုလို သီတင်းကျွတ်ကာလမှာ ဆီမီးပူဇော်ပြီး ကမ္ဘာသူကမ္ဘာသား၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး အေးချမ်းသာယာမှုအပေါင်းနဲ့ ပြည့်စုံစေရန် ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပတာပါ " ဟု စိတ္တသုခကျောင်းတိုက်ဆရာတော် ဦးဓမ္မဝံသက မိန့်ကြားသည်။
မိုင်းဖြတ်မြို့၏ နှစ်ကျိပ်ရှစ်ဆူ ဝင်္ကဘာ ဘုရားမီးထွန်းပွဲတော်ကို နှစ်စဉ်ကျင်းပနေခြင်းဖြစ်ရာ ယမန်နှစ်ကလည်း အကွေ့ပေါင်း(၃၅၀)ပါရှိသည့် ဝင်္ကဘာလမ်းပြုလုပ်ပြီး နှစ်ကျိပ်ရှစ်ဆူသော ဘုရားဆင်းတုတော်များအား ဖူးမျှော်နိုင်ရန်နှင့် ဆီမီးပူဇော်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ကိုသာ
