“အခင္းျဖစ္ပြားၿပီးခ်ိန္ကေနစၿပီး အင္အားသံုးရွာေဖြမႈေတြ မရပ္မနားျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ျပန္မိတာကေတာ့ စက္တင္ဘာ(၂၁)ရက္ေန႔ ေန႔လယ္(၂)နာရီဝန္းက်င္ေလာက္မွာ ျပန္မိတာပါ။ က်ဴးလြန္သူက အမ်ိဳးသား တစ္ဦးထဲပါ။ ျပင္ဦးလြင္ၿမိဳ႕နယ္ထဲမွာ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။ အမႈနဲ႔ပတ္သက္ၿပီး စစ္ေဆးအေရးယူႏိုင္ဖို႔ ေဆာင္ရြက္ေနတုန္းပဲ ရွိပါေသးတယ္”ဟု မိုးမိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ ရဲမွဴးဝင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။
အမႈတစ္ခုမွ သက္ေသခံပစၥည္းမ်ားအား စက္တင္ဘာလ(၂၀)ရက္ နံနက္(၇)နာရီခန္႔တြင္ ၿမိဳ႕မရဲစခန္းသို႔ သြားေရာက္ပို႔ေဆာင္သည့္ ရဲတပ္ဖြဲ႔ဝင္အား အမ်ိဳးသားတစ္ဦးက ဓါးျဖင့္တိုက္ခိုက္ ထြက္ေျပးသြားခဲ့သည့္အတြက္ ရဲဝန္ထမ္းမွာ ေဆးရံုတြင္ကုသမႈခံယူေနရျခင္းျဖစ္သည္။
သတင္း #ေနၿဖိဳးျမင့္
******
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့တွင် မြို့မရဲစခန်းသို့ သက်သေခံပစ္စည်းလာပို့သည့် ရဲဝန်ထမ်းတစ်ဦးအား စက်တင်ဘာလ(၂၀)ရက် နံနက်အစောပိုင်းက ဓါးဖြင့်တိုက်ခိုက်၍ ထွက်ပြေးသွားသူကို မိုးမိတ်မြို့နယ်ရဲတပ်ဖွဲ့က (၃၁)နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“အခင်းဖြစ်ပွားပြီးချိန်ကနေစပြီး အင်အားသုံးရှာဖွေမှုတွေ မရပ်မနားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြန်မိတာကတော့ စက်တင်ဘာ(၂၁)ရက်နေ့ နေ့လယ်(၂)နာရီဝန်းကျင်လောက်မှာ ပြန်မိတာပါ။ ကျူးလွန်သူက အမျိုးသား တစ်ဦးထဲပါ။ ပြင်ဦးလွင်မြို့နယ်ထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးအရေးယူနိုင်ဖို့ ဆောင်ရွက်နေတုန်းပဲ ရှိပါသေးတယ်”ဟု မိုးမိတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
အမှုတစ်ခုမှ သက်သေခံပစ္စည်းများအား စက်တင်ဘာလ(၂၀)ရက် နံနက်(၇)နာရီခန့်တွင် မြို့မရဲစခန်းသို့ သွားရောက်ပို့ဆောင်သည့် ရဲတပ်ဖွဲ့ဝင်အား အမျိုးသားတစ်ဦးက ဓါးဖြင့်တိုက်ခိုက် ထွက်ပြေးသွားခဲ့သည့်အတွက် ရဲဝန်ထမ်းမှာ ဆေးရုံတွင်ကုသမှုခံယူနေရခြင်းဖြစ်သည်။
သတင်း #နေဖြိုးမြင့်
