ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့တွင် သက်သေခံလာပို့သည့် မြို့နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား စက်တင်ဘာလ (၂၀)ရက် နံနက်ပိုင်းတွင် ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားသူကို ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေလျက်ရှိပြီး ဓားဖြင့်ခုတ်ခံရသူ ရဲဝန်ထမ်းမှာ မိုးမိတ် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
“ရဲဝန်ထမ်းက အမှုတစ်ခုက သက်သေခံပစ္စည်းတွေကို သူ့ဂျူတီချိန်မှာ မြို့မရဲစခန်းကို လာပို့တာပါ။ အဲဒါ လမ်းခရီးမှာ ခုလိုဖြစ်တာပါ။ ဒီမနက်(၆)နာရီခွဲနဲ့ (၇)နာရီ ကြားထဲမှာဖြစ်တာပါ။ ကျူးလွန်တဲ့သူကို အင်အားသုံးပြီး ရှာဖွေမှုတွေ လောလောဆယ် လုပ်နေပါတယ်”ဟု မိုးမိတ်မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆေးကုသမှုခံယူနေသည့် ရဲတပ်ဖွဲ့ဝင်မှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရပြီး ပြစ်မှု ကျူးလွန်သူအား အချိန်တိုအတွင်း ဖမ်းဆီးနိုင်ရေးအတွက် အင်အားသုံးရှာဖွေမှုများ တိုးမြှင့် လုပ်ဆောင်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ထံမှ သိရသည်။
သတင်း #နဖြေိုးမြင့်