ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕နယ္၊ မေကြ႕ေက်းရြာအနီး၊ ကေလာ - သာစည္ ကားလမ္းတြင္ ဆိုင္ကယ္ ေမာင္းႏွင္လာသည့္ အမ်ိဳးသားႏွစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား စက္တင္ဘာလ (၃)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႕စု(၂၅)ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ကေလာၿမိဳ႕နယ္၊ မေကြ႕ ေက်းရြာအနီး၊ ကေလာ - သာစည္ကားလမ္းတြင္ စက္တင္ဘာလ (၃) ရက္ေန႔ (၁၁)နာရီခြဲအခ်ိန္က ဆုိင္ကယ္ေမာင္းႏွင္လာသည့္ ခြန္ေမာင္မ်ိဳးဆိုသူႏွင့္ ခြန္ကိုေက်ာ္တို႔ႏွစ္ဦးအား စစ္ေဆးရာ စိတ္ႂကြ႐ူးသြပ္ ေဆးျပား (၅၇၀၀)ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ခြန္ေမာင္မ်ိဳးႏွင့္ ခြန္ကိိုေက်ာ္တို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သတင္းရရွိသည္။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ မကွေ့ ကျေးရွာအနီး၊ ကလော - သာစည်ကားလမ်းတွင် စက်တင်ဘာလ (၃) ရက်နေ့ (၁၁)နာရီခွဲအချိန်က ဆိုင်ကယ်မောင်းနှင်လာသည့် ခွန်မောင်မျိုးဆိုသူနှင့် ခွန်ကိုကျော်တို့နှစ်ဦးအား စစ်ဆေးရာ စိတ်ကြွရူးသွပ် ဆေးပြား (၅၇၀၀)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ခွန်မောင်မျိုးနှင့် ခွန်ကိုကျော်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
