ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အထွက် လွယ်တော်ခမ်းစစ်ဆေးရေးစခန်းအနီး ချောင်းကူး တံတားတွင် စက်တင်ဘာလ (၂)ရက်နေ့ ညနေ(၆)နာရီကျော်က ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား (၁၀၀)ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့အထွက် လွယ်တော်ခမ်း စစ်ဆေးရေးစခန်းအနီး ချောင်းကူးတံတားတွင် ပါကွေ့ရွာဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးအား စစ်ဆေးရာ၎င်း၏ ဘောင်းဘီအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၁၀၀)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် လီဂျေဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၅၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူထားကြောင်း သိရသည်။
