ကယားျပည္နယ္အတြင္းရွိ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားအေရး ေဆာင္ရြက္ရန္ တိုင္းရင္းသားအခြင့္အေရးမ်ား ကာကြယ္ေစာင့္ေရွာက္ေရး ဦးစီးဌာနရံုးအား ဖြင့္လွစ္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ျပည္နယ္အစိုးရထံမွ သိရသည္။
ကယားျပည္နယ္အတြင္းရွိ တိုင္းရင္းသား(၉)မ်ိဳး၏ စာေပယဥ္ေက်းမႈဆိုင္ရာ ကိစၥရပ္မ်ား၊ တိုင္ရင္းသားမ်ားႏွင့္ သက္ဆိုင္ေသာ အေရး ကိစၥမ်ားအား အေလးထား ေဆာင္ရြက္ႏိုင္ရန္ တိုင္းရင္းသားအခြင့္အေရးမ်ား ကာကြယ္ေစာင့္ေရွာက္ေရးဦးစီးဌာနရံုးကို ဖြင့္လွစ္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း စက္တင္ဘာလ (၂၇) ရက္ေန႔တြင္ က်င္းပသည့္ ကယားအမ်ိဳးသား စုေပါင္းအဲဒိုေပၚမီပြဲ အခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးအယ္လ္ေဖာင္းရႈိက ေျပာၾကားလုိက္သည္။
" ကြ်န္ေတာ္တို႔ ကယားျပည္နယ္ထဲမွာရွိတဲ့ တိုင္းရင္းသား (၉)မ်ိဳးလုံးကို ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ၿပီး ရုံးေဆာက္မယ့္ ေျမေနရာကိုလည္း တိုင္းရင္းသား နယ္ေျမအျဖစ္ သတ္မွတ္ၿပီး ေနာင္မ်ားမွာ ခ်ိတ္ဆက္ ပူးေပါင္းေဆာင္ရြက္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဘာသာ၊ စာေပ၊ ယဥ္ေက်းမႈအခန္းက႑၊ တိုင္းရင္းသားေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈအခန္းက႑ကို အေကာင္အထည္ေဖာ္ဖို႔ သေဘာတူညီခဲ့တယ္။ ျပည္ေထာင္စုဘတ္ဂ်က္နဲ႔ တိုင္းရင္းသားေရးရာဝန္ႀကီးဌာနကဦးစီးၿပီး တိုင္းရင္းသားစာေပယဥ္ေက်းမႈရုံးကို ျပည္နယ္တြင္းမွာ ဖြင့္လွစ္ႏိုင္ေတာ့မွာျဖစ္ပါတယ္ "ဟု ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိက ေျပာသည္။
လက္ရွိတြင္ အဆိုပါ ရုံးေျမေနရာလ်ာထားၿပီး ရုံးတည္ေဆာက္ေရးႏွင့္ ၿခံစည္းရုိးကာရံေရးတို႔ကို လာမည့္ႏွစ္ ဘတ္ဂ်က္တြင္ စတင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
တိုင္းရင္းသား အခြင့္အေရးမ်ား ကာကြယ္ေစာင့္ေရွာက္ေရးဦးစီးဌာနရံုးအား ေနာင္ယား(ခ)ရပ္ကြက္ရွိ ၊ ေနာင္ယားကန္သာေဘးတြင္ တည္ေဆာက္သြားမွာျဖစ္ၿပီး ကယားျပည္နယ္အတြင္းရွိ တိုင္းရင္းသား စာေပႏွင့္ ယဥ္ေက်းမွဳအဖြဲ႔မ်ား အတြက္လည္း ေျမေနရာပါ တစ္ပါတည္း ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း #ဆန္းၿဖိဳးထြန္း
ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား(၉)မျိုး၏ စာပေယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်ရင်းသားများနှင့် သက်ဆိုင်သော အရေး ကိစ္စများအား အလေးထား ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရုံးကို ဖွင့်လှစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ (၂၇) ရက်နေ့တွင် ကျင်းပသည့် ကယားအမျိုးသား စုပေါင်းအဲဒိုပေါ်မီပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက ပြောကြားလိုက်သည်။
" ကျွန်တော်တို့ ကယားပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသား (၉)မျိုးလုံးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ပြီး ရုံးဆောက်မယ့် မြေနေရာကိုလည်း တိုင်းရင်းသား နယ်မြေအဖြစ် သတ်မှတ်ပြီး နောင်များမှာ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုအခန်းကဏ္ဍ၊ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍကို အကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့တယ်။ ပြည်ထောင်စုဘတ်ဂျက်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကဦးစီးပြီး တိုင်းရင်းသားစာပေယဉ်ကျေးမှုရုံးကို ပြည်နယ်တွင်းမှာ ဖွင့်လှစ်နိုင်တော့မှာဖြစ်ပါတယ် "ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။
လက်ရှိတွင် အဆိုပါ ရုံးမြေနေရာလျာထားပြီး ရုံးတည်ဆောက်ရေးနှင့် ခြံစည်းရိုးကာရံရေးတို့ကို လာမည့်နှစ် ဘတ်ဂျက်တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရုံးအား နောင်ယား(ခ)ရပ်ကွက်ရှိ၊ နောင်ယားကန်သာဘေးတွင် တည်ဆောက်သွားမှာဖြစ်ပြီး ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ အတွက်လည်း မြေနေရာပါ တစ်ပါတည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
