သတင်း/ဓာတ်ပုံ - #ကိုသာ
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သြဂုတ်လ(၃၁)ရက်နေ့က မိုးရွာသွန်းမှုများကြောင့် ဝမ်မိုင်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးအနီးရှိ ကျောက်စီခုံးကျော်တံတားတစ်စင်းမှာ ကျွံကျသွားမှု ဖြစ်ပွားသည့်အတွက် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုပြီး ယာဉ်သွား၊ ယာဉ်လာများ အန္တရာယ်မဖြစ်စေရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - #ကိုသာ
