“ရတဲ့ေငြအားလံုးက (၃၉၅)သိန္းေက်ာ္ရိွတယ္။ လွဴၿပီးတာလည္းရိွေတာ့ လက္က်န္ေငြက က်ပ္(၁၉၅)သိန္း ေက်ာ္ရိွတယ္။ ဒါကို ျပန္လည္ထူေထာင္ေရးအတြက္သံုးမယ္။ အလွဴခံဌာနကိုပိတ္ေပမဲ့ ဆက္ၿပီး အလွဴခံေနမွာျဖစ္တယ္။ ဒီေန႔ဆိုလည္း ဆက္ၿပီးလွဴတာေတြ ရိွေနပါတယ္။ မေန႔ကလက္က်န္ေငြနဲ႔ဆို က်ပ္သိန္း(၂၀၀)ေက်ာ္ျဖစ္သြားၿပီေပါ့။ ဒီေကာ္မတီက ျပည္နယ္အစိုးရနဲ႔ ခ်ိတ္ဆက္ၿပီး ေဆာင္ရြက္ေပးေနတယ္။ ျပန္လည္ထူေထာင္ေရးမွာလည္း ဒီေဒသေတြကို ေကာ္မတီက ကြင္းဆင္းၾကည့္ရႈၿပီး လွဴဒါန္းသြားမွာျဖစ္တယ္”ဟု ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕) ဥကၠဌ ဦးေအာင္ၿဖိဳးရွိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕) ၏ အလွဴခံဌာနအား ၾသဂုတ္လ(၂၈)ရက္ေန႔မွစ၍ စက္တင္ဘာလ (၇)ရက္ေန႔အထိ ဗယ္လင္တိုင္းကေဖးေရွ႕တြင္ ဖြင့္လွစ္ခဲ့ရာတြင္ (၁၁)ရက္တာကာလအတြင္း ရရိွသည့္စုစုေပါင္းအလွဴေငြမွာ မတည္အလွဴေငြအပါအဝင္ စုစုေပါင္းက်ပ္ (၃၉၅၅၅၂၃၈)အနက္ ရခိုင္ျပည္နယ္ အစိုးရထံသို႔ က်ပ္သိန္း (၁၀၀)ႏွင့္ က်ပ္ (၂၀၂၂၈၅၀၀) တန္ဖိုးရိွသည့္ ဆန္ႏွင့္ဆီတို႔အား လွဴဒါန္းၿပီးျဖစ္၍ ေကာ္မတီထံတြင္ လက္က်န္ေငြ (၁၉၃၂၆၇၃၈) က်ပ္က်န္ရိွေၾကာင္း သိရသည္။
ေကာ္မတီအေနျဖင့္ ရခုိင္ျပည္နယ္တြင္း ပဋိပကၡျဖစ္ပြားေနသည့္ေဒသ ျပန္လည္ထူေထာင္ေရးအတြက္ အလွဴေငြမ်ား ဆက္လက္လက္ခံေနမည္ျဖစ္ရာ လွဴဒါန္းလိုသူမ်ားအေနျဖင့္ ေကာ္မတီနာယကမ်ားျဖစ္သည့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္၏ ဖုန္း ၀၉ ၄၅၂၈၀၈၀၄၄၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမႉးသန္းႏု၏ ဖုန္း ၀၉ ၂၀၁၆၉၇၄၊ ေကာ္မတီဥကၠဌ ဦးေအာင္ၿဖိဳးရွိန္၏ ဖုန္း ၀၉ ၄၃၁၃၆၄၃၁၊ ေကာ္မတီအတြင္းေရးမွဴး ဦးေစာထြန္းဦး၏ ဖုန္း ၀၉ ၅၂၄၂၀၄၉ တို႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။
အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔ တုိက္ခုိက္ခံေနရသည့္ ရခုိင္ျပည္နယ္အတြင္းမွ ေဒသခံျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအား ေထာက္ပံ့ေပးႏိုင္ရန္အတြက္ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕)အား ၾသဂုတ္လ (၂၇)ရက္ေန႔က ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့)က စက်တင်ဘာလ (၇)ရက်နေ့အထိရရှိသည့် စုစုပေါင်းအလှူငွေမှ လက်ကျန် ကျပ်(၁၉၅)သိန်းကျော်နှင့် ထပ်မံရရှိမည့် အလှူငွေများအား ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲသွားရန် စက်တင်ဘာလ(၈)ရက်နေ့တွင် ကော်မတီ အစည်းအဝေးဖြင့် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
“ရတဲ့ငွေအားလုံးက (၃၉၅)သိန်းကျော်ရှိတယ်။ လှူပြီးတာလည်းရှိတော့ လက်ကျန်ငွေက ကျပ်(၁၉၅)သိန်း ကျော်ရှိတယ်။ ဒါကို ပြန်လည်ထူထောင်ရေးအတွက်သုံးမယ်။ အလှူခံဌာနကိုပိတ်ပေမဲ့ ဆက်ပြီး အလှူခံနေမှာဖြစ်တယ်။ ဒီနေ့ဆိုလည်း ဆက်ပြီးလှူတာတွေ ရှိနေပါတယ်။ မနေ့ကလက်ကျန်ငွေနဲ့ဆို ကျပ်သိန်း(၂၀၀)ကျော်ဖြစ်သွားပြီပေါ့။ ဒီကော်မတီက ပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးနေတယ်။ ပြန်လည်ထူထောင်ရေးမှာလည်း ဒီဒေသတွေကို ကော်မတီက ကွင်းဆင်းကြည့်ရှုပြီး လှူဒါန်းသွားမှာဖြစ်တယ်”ဟု ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့) ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့) ၏ အလှူခံဌာနအား သြဂုတ်လ(၂၈)ရက်နေ့မှစ၍ စက်တင်ဘာလ (၇)ရက်နေ့အထိ ဗယ်လင်တိုင်းကဖေးရှေ့တွင် ဖွင့်လှစ်ခဲ့ရာတွင် (၁၁)ရက်တာကာလအတွင်း ရရှိသည့်စုစုပေါင်းအလှူငွေမှာ မတည်အလှူငွေအပါအဝင် စုစုပေါင်းကျပ် (၃၉၅၅၅၂၃၈)အနက် ရခိုင်ပြည်နယ် အစိုးရထံသို့ ကျပ်သိန်း (၁၀၀)နှင့် ကျပ် (၂၀၂၂၈၅၀၀) တန်ဖိုးရှိသည့် ဆန်နှင့်ဆီတို့အား လှူဒါန်းပြီးဖြစ်၍ ကော်မတီထံတွင် လက်ကျန်ငွေ (၁၉၃၂၆၇၃၈) ကျပ်ကျန်ရှိကြောင်း သိရသည်။
ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားနေသည့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ ဆက်လက်လက်ခံနေမည်ဖြစ်ရာ လှူဒါန်းလိုသူများအနေဖြင့် ကော်မတီနာယကများဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၏ ဖုန်း ၀၉ ၄၅၂၈၀၈၀၄၄၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၏ ဖုန်း ၀၉ ၂၀၁၆၉၇၄၊ ကော်မတီဥက္ကဌ ဦးအောင်ဖြိုးရှိန်၏ ဖုန်း ၀၉ ၄၃၁၃၆၄၃၁၊ ကော်မတီအတွင်းရေးမှူး ဦးစောထွန်းဦး၏ ဖုန်း ၀၉ ၅၂၄၂၀၄၉ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့)အား သြဂုတ်လ (၂၇)ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
