“ည(၈)နာရီခြဲေလာက္မွာ ျဖစ္တာပါ။ ရုတ္တရက္လမ္းျဖတ္ကူးသူကို ေရွာင္ရင္းနဲ႔ လမ္းေဘးေနအိမ္ၿခံဝန္း တစ္ခုကို တိုက္မိရပ္တန္႔သြားတာပါ။ လမ္းျဖတ္ကူးသူကေတာ့ ေနရာမွာတင္ေသသြားပါတယ္။ ခရီးသည္ေတြကေတာ့ ထိခိုက္မႈမရွိခဲ့ပါဘူး။ ေက်ာက္မဲကေန ေနာက္ထပ္ကားတစ္စီးလႊတ္ၿပီး ခရီးသည္ေတြကို ရန္ကုန္ပို႔ေပးထားၿပီးပါၿပီ” ဟု ေက်ာက္မဲရွိ ေရႊေက်ာက္မဲကားဂိတ္မွ ဂိတ္မွဴး ဦးခင္ေမာင္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ကားမွာ ျပင္ဦးလြင္ၿမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္ရွိ ပန္းတန္းေနရာအား ျဖတ္သန္းစဥ္ ရုတ္တရက္ လမ္းျဖတ္ကူးလာသူတစ္ဦးအား ေရွာင္တိမ္းရာမွ လမ္းဝဲဘက္နံေဘးရွိ ေနအိမ္ၿခံစည္းရုိးအားတိုက္မိရပ္တန္႔ သြားခဲ့ၿပီး ကားေရွ႕ေလကာမွန္မ်ားကြဲကား ဒရိုင္ဘာျဖစ္သူမွာဒဏ္ရာအနည္းငယ္သာ ရရွိခဲ့ေၾကာင္း သိရွိရသည္။
“ခရီးသည္ကေတာ့ စုစုေပါင္း (၂၉)ဦးပဲ ပါပါတယ္။ ဒရိုင္ဘာ၊ ယာဥ္ေနာက္လိုက္အပါအဝင္ (၃၂)ဦးပဲပါတာပါ။ ခရီးသည္ေတြကေတာ့ ဘာမွထိခိုက္တာမရွိပါဘူး။ သတင္းၾကားတာနဲ႔ ေက်ာက္မဲကေန ေနာက္ထပ္ ကားတစ္စီးလႊတ္ၿပီး ခရီးသည္ေတြကို ခရီးဆက္ပို႔ေပးတာပါ။ ရန္ကုန္ဝင္ခ်ိန္ ပံုမွန္ထက္(၄)နာရီေလာက္ေတာ့ ေနာက္က်သြားပါတယ္”ဟု ေရႊေက်ာက္မဲယာဥ္လိုင္းတာဝန္ရွိသူက ေျပာသည္။
အဆိုပါယာဥ္လိုင္းမွာ ပံုမွန္အားျဖင့္ ေက်ာက္မဲမွ ရန္ကုန္သို႔ ေန႔စဥ္ႏွစ္စီး ေျပးဆြဲေနျခင္းျဖစ္ေသာ္လည္း စက္တင္ဘာ(၁၄)ရက္ ညေနပိုင္းတြင္ ယာဥ္တစ္စီးသာထြက္ခြာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
သတင္း #ေနၿဖိဳးျမင့္
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ ရန်ကုန်မြို့သို့ စက်တင်ဘာလ(၁၄) ရက်နေ့ ညပိုင်းတွင် ထွက်ခွာ သွားသည့် ရွှေကျောက်မဲခရီးသည်တင်ယာဉ်သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အရောက်တွင် လမ်းဖြတ်ကူးသူအား ရှောင်တိမ်းရင်း လမ်းဘေးအိမ်ခြံဝင်းအား တိုက်မိကာ လမ်းဖြတ်ကူးသည့်အမျိုးသားလည်း သေဆုံးသွားကြောင်း သိရသည်။
“ည(၈)နာရီခွဲလောက်မှာ ဖြစ်တာပါ။ ရုတ်တရက်လမ်းဖြတ်ကူးသူကို ရှောင်ရင်းနဲ့ လမ်းဘေးနေအိမ်ခြံဝန်း တစ်ခုကို တိုက်မိရပ်တန့်သွားတာပါ။ လမ်းဖြတ်ကူးသူကတော့ နေရာမှာတင်သေသွားပါတယ်။ ခရီးသည်တွေကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။ ကျောက်မဲကနေ နောက်ထပ်ကားတစ်စီးလွှတ်ပြီး ခရီးသည်တွေကို ရန်ကုန်ပို့ပေးထားပြီးပါပြီ” ဟု ကျောက်မဲရှိ ရွှေကျောက်မဲကားဂိတ်မှ ဂိတ်မှူး ဦးခင်မောင်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကားမှာ ပြင်ဦးလွင်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ ပန်းတန်းနေရာအား ဖြတ်သန်းစဉ် ရုတ်တရက် လမ်းဖြတ်ကူးလာသူတစ်ဦးအား ရှောင်တိမ်းရာမှ လမ်းဝဲဘက်နံဘေးရှိ နေအိမ်ခြံစည်းရိုးအားတိုက်မိရပ်တန့် သွားခဲ့ပြီး ကားရှေ့လေကာမှန်များကွဲကား ဒရိုင်ဘာဖြစ်သူမှာဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရှိရသည်။
“ခရီးသည်ကတော့ စုစုပေါင်း (၂၉)ဦးပဲ ပါပါတယ်။ ဒရိုင်ဘာ၊ ယာဉ်နောက်လိုက်အပါအဝင် (၃၂)ဦးပဲပါတာပါ။ ခရီးသည်တွေကတော့ ဘာမှထိခိုက်တာမရှိပါဘူး။ သတင်းကြားတာနဲ့ ကျောက်မဲကနေ နောက်ထပ် ကားတစ်စီးလွှတ်ပြီး ခရီးသည်တွေကို ခရီးဆက်ပို့ပေးတာပါ။ ရန်ကုန်ဝင်ချိန် ပုံမှန်ထက်(၄)နာရီလောက်တော့ နောက်ကျသွားပါတယ်”ဟု ရွှေကျောက်မဲယာဉ်လိုင်းတာဝန်ရှိသူက ပြောသည်။
အဆိုပါယာဉ်လိုင်းမှာ ပုံမှန်အားဖြင့် ကျောက်မဲမှ ရန်ကုန်သို့ နေ့စဉ်နှစ်စီး ပြေးဆွဲနေခြင်းဖြစ်သော်လည်း စက်တင်ဘာ(၁၄)ရက် ညနေပိုင်းတွင် ယာဉ်တစ်စီးသာထွက်ခွာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သတင်း #နေဖြိုးမြင့်
